"ထယ်ယုံးရေ"
"ဟုတ်ကဲ့"
"ညနေကျရင် တစ်ခွက်လောက်သောက်ရအောင်မင်းကိုလဲပြောစရာရှိတာပြောရင်း"
"အာ ဟုတ်ကဲ့ပါ"
အလုပ်လုပ်ရင်တိကျပြီးသွက်လက်တဲ့အီထယ်ယုံးဆိုတာceoရဲ့အချစ်တော်ဘဲမလား။
"ကျွန်တော့်ကိုဘာပြောစရာရှိလို့လဲဗျ"
"အလုပ်ကိစ္စနဲ့မင်းကိုမြို့လေးတစ်ခုဘက်လွှတ်ချင်လို့
***မြို့လေ မင်းငယ်ငယ်ကနေဖူးတယ်မလား""..."
ထယ်ယုံးတွေဝေမိသွားသည်။သူကထားခဲ့မိတာမလားသူဘယ်လိုမျက်နှာနဲ့ပြန်သွားရပါ့မလဲ။မျက်ဝန်းညိုဆိုတာသိပ်ကိုခေါင်းမာတာအခုထိသူ့ကိုစောင့်နေရင်ဘယ်လိုလုပ်ရပါ့၊
______________________________________
"ကြိုဆိုပါ..."
"Doyoungie hyung!!!"
စူးရှနေတဲ့ဂျီဆောင်းရဲ့အော်သံရယ်မေ့လဲသွားတဲ့ကောင်လေးတစ်ယောက်ရယ်...။
******
"hyung!"
"ဂျီဆောင်း?"
"အင်းကျွန်တော်ပါ hyungဘယ်လိုနေသေးလဲဟင်သက်သာရဲ့လား"
"ငါ...ဘယ်မှာလဲ"
"ဆေးရုံမှာလေ hyungမူးလဲသွားလို့ကျွန်တော်ခေါ်လာတာ"
ဟုတ်တယ်သူမူးလဲသွားတာ၊မျက်လုံးတွေပြာပြီးရင်ဘတ်ကလဲတအားအောင့်နေတာ
အသံကတုန်တုန်ရီရီနဲ့ပြောနေရှာတဲ့ဒီကလေးကိုလဲအားနာမိပါသည်။သူ့ကိုတအားစိတ်ပူနေရှာမှာ"ငါအခုအဆင်ပြေနေပါပြီJisung ah"
ပြုံးပြီးပြောလိုက်တော့မှစိတ်သက်သာသွားပုံရတဲ့ကလေးကဆရာဝန်သွားခေါ်မယ်ဆိုပြီးထွက်သွားလေသည်။
"နေရတာအဆင်ပြေတယ်မလား"
"ခေါင်းနည်းနည်းမူးသလိုဖြစ်နေသေးပေမယ့်အဆင်ပြေပါတယ်"
"လူနာစားဖို့တစ်ခုခုဝယ်ပြီးပြီလား"
"အော် မေ့နေတာအခုဘဲသွားဝယ်လိုက်မယ်"
Jisungထွက်သွားကာမှသူ့ပခုံးကိုခပ်ဖွဖွဆုပ်ကိုင်လာလာတဲ့ဆရာဝန်...
"စိတ်အေးအေးထားပေးနော် ပြောပြတာကိုလဲအရမ်းစိတ်မလှုပ်ရှားပါနဲ့"
ပြောပြတာနားထောင်ပြီးဒိုယောင်းခပ်ရေးရေးပြုံးမိပါသည်။
နှလုံးရောဂါတဲ့။
"ငါ့အတွက်ထပ်ပြီးသိမ်ထားရမဲ့မင်းနဲ့ပတ်သတ်တဲ့နာကျင်မှုလှလှလေးပေါ့ယုံး"
______________________________________
နာကျင်ရတာတွေများတော့နှလုံးသားနုနုလေးကနေမကောင်းဖြစ်ပြီပေါ့မြတ်နိုးရာရယ်...
______________________________________"hyungတကယ်ဖြစ်ရဲ့လား"
"ငါအကောင်းကြီးပါJisung ah ရပါတယ်"
တစ်ရက်ဘဲနေပြီးဆေးရုံကဆင်းလာတဲ့ဒိုယောင်းကိုဂျီဆောင်းတစ်ယောက်စိတ်ပူနေတာမသိရင်အမေတစ်ယောက်ကသူ့သားလေးကိုစိတ်ပူနေသလိုပုံစံမျိုးနဲ့၊
"Hyungကျွန်တော်အပြင်သွားစရာလဲရှိသေးတာတကယ်ဖြစ်လို့လား"
"ဖြစ်ပါတယ်ဆို အေးအေးဆေးဆေးသာသွား"
"အာ...ဒါဆိုသွားတော့မယ် တစ်ခုခုဆိုဖုန်းဆက်နော်"
"အင်းပါ"
ဂျီဆောင်းထွက်သွားပြီးတဲ့နောက်မှာလာတဲ့လူလဲသိပ်မရှိပါဘူး။လုပ်စရာလဲဘာမှမရှိဘူးမလား။
ဘာမှမရှိတာနဲ့သူ့noteစာအုပ်ညိုလေးကိုထုတ်ပြီးရေးမဲ့အချိန်မှာဘဲ
တံခါးပွင့်လာ*
"ဧည့်သည်လာပြီဘဲ"
တံခါးစီအပြေးလေးသွားချိန်မှာတော့
"ကြိုဆို..ပါတယ်..."
သူမျှော်နေခဲ့ရတဲ့သူဘဲ!
ကောင်းကောင်းရှိနေပုံဘဲအရပ်လဲပိုရှည်လာတယ်ပိုလဲကြည့်ကောင်းလာတယ်။အထူးသဖြင့်မျက်လုံးထောင့်နားကနှင်းဆီပုံအမာရွတ်လေးကပိုတောင်ထင်လာသေးတာ။လွမ်းလိုက်ရတာ...
သူ့ကိုဘဲကြည့်နေခဲ့တဲ့ ဒီမျက်ဝန်းတွေ၊
သူ့ကိုဘဲပြုံးပြခဲ့တဲ့ ဒီအပြုံးတွေ၊
သူ့ကိုဘဲပြဖြေခဲ့တဲ့ ဒီခပ်အေးအေးစကားသံတွေ
သူ့ကိုဘဲပေးခဲ့တဲ့ ဒီနှင်းဆီပန်းတွေ
သူ့အပိုင်လေးဖြစ်ခဲ့ဖူတဲ့ ဒီလူသားရယ်...။TBC...
Guys!!!
စိတ်တော့မကောင်းပေမဲ့အိုင်socialကပျောက်ရမဲ့ပြဿနာတွေရှိလာလို့ပါအဲ့ဒါကြောင့်မျက်ဝန်းညိုကိုတစ်ပတ်နှစ်ပိုင်းအပ်ဒိတ်ပေးပါမယ်နော်အပြီးသတ်သွားပေးချင်လို့ပါ🥺အားနာရပါတယ်ရှင်ㅠㅠ
ဒီတစ်ပတ်ကြာသပတေးကစပြီးအပ်ဒိတ်ပေးပါမယ်နော်ထပ်ပြီးလဲတောင်းပန်ပါတယ်ရှင်🙇🏻♀️💟ဟိုတျောက်ကအိပ်တော့မယ်အပ်ဒိတ်တော့ဆိုလို့အပ်ဒိတ်လိုက်ပြီနော်😾🤎
