Prologue

89.9K 3K 150
                                    

~Unicode~

ရှန်ထင်ဝေ့သည် အရက်မသောက်နိုင်သော အိုမီဂါတစ်ယောက်ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်က အနီရောင်ဘယ်ရီသီးဝိုင် ရနံ့အား ပိုင်ဆိုင်ထားသည် ။

ယခုလက်ရှိတွင် ထိုအနံ့များက အထူးတလည် ပြင်းထန်နေသည် ။

ရလဒ်အနေနှင့် ရှန်ထင်ဝေ့မှာ မူးဝေလာတော့သည် ။

ပြန်၍ နိုးထလာသည့်အချိန်တွင် အရာရာတိုင်းက အကျွမ်းတဝင် ဖြစ်မနေပဲ ပုံမှန်မဟုတ်ဟုသော ခံစားချက်ကြီးအား ခံစားလိုက်ရလေသည် ။

ရှန်ထင်ဝေ့က အိုမီဂါတစ်ဦး၏ ပထမဦးဆုံးသော heat ဝင်ခြင်းအား ခံစားနေခဲ့ရသောကြောင့် သူ၏ ခန္ဓာကိုယ်အား ခက်ခက်ခဲခဲနှင့်ပင် ဆေးဆိုင်တစ်ခုအတွင်းသို့ ဆွဲသွင်းသွားလိုက်ပြီး ဖြူဖျော့နေလျက် ပြောလိုက်သည် ။ “ ကျွန်တော့်ကို အိုမီဂါထိန်းချုပ်ဆေး ပေးပါ “

တစ်ဖက်လူက တစ်ခနမျှကြာအောင် ကြောင်အစွာ စိုက်ကြည့်လာသည် ။ “ ဘာကြီး ? အိုမီဂါတဲ့လား ?”

ထိန်းချုပ်ဆေးအား ဝယ်လို့မရသည်ဖြစ်ရာ ရှန်ထင်ဝေ့က ရွေးချယ်စရာမရှိတော့ပဲ နေစရာနေရာတစ်ခုကိုသာ ရှာရလေတော့သည် ။

ရှန်ထင်ဝေ့ : အခန်းအလွတ်တစ်ခန်းလောက် ရှိမလား ?

ဟိုတယ်မှဝန်ထမ်းဖြစ်သူ : ကျေးဇူးပြုပြီး ID ကဒ်ကို ပြပေးပါ

ရှန်ထင်ဝေ့က ID ကဒ်အား လှမ်းပေးလိုက်သော်လည်း တစ်ဖက်လူ၏ အမူအရာကမူ ထူးဆန်းသွားရလေသည် ။ ထို့နောက် ချက်ချင်းပင် ID ကဒ်အား သူ၏လက်ထဲသို့ ပြန်ထည့်ပေးလာပြီး ဆိုးရွားသော လေသံဖြင့် ပြောလာသည် ။ “ ကျွန်တော် ခင်ဗျားရဲ့ ID ကို စစ်ကြည့်ပြီးပြီ… အဲ့ဒါက ဒီနေရာမှာ အသုံးပြုလို့မရဘူး.. တခြားနေရာတစ်ခု သွားရှာလိုက်ပါ “

ရှန်ထင်ဝေ့က ပြန်လှည့်ထွက်လာခဲ့ပြီး သူ၏အနောက်ဖက်ရှိလူက တီးတိုးရေရွတ်လိုက်သည်အား ကြားလိုက်ရလေသည် ။ “ လိင်အမျိုးအစားက အိုမီဂါတဲ့… ငါ ID အတုလုပ်ရင်တောင်မှ သူ့ထပ်ပိုပြီး ကောင်းအောင် လုပ်နိုင်ဦးမယ် ! ဒီနောက်ပိုင်းလူတွေက အထောက်အထား အတုလုပ်တာတောင် သေသေချာချာ မလုပ်ချင်ကြတော့ဘူးပဲ “

ယစ်မူးပျော်ဝင်ဖွယ်║မြန်မာပြန် 『Completed 』Where stories live. Discover now