~Unicode~
ရှန်ထင်ဝေ့ နိုးလာခဲ့ချိန်တွင် နှာအနည်းငယ် စေးနေခဲ့ပြီး မနေ့ညတုန်းက ဆိုဖာပေါ်၌ အိပ်လိုက်ခြင်းကြောင့် အအေးမိသွားခဲ့ပုံပင် ။
အိပ်ရာထက်၌ ထထိုင်လိုက်ချိန်တွင် လည်ချောင်းထဲမှ ယားယံလာမှုကြောင့် အလိုအလျောက် ချောင်းဆိုးမိသွားခဲ့ရပြီး လျန်ကျွယ်က အလျင်အမြန်ပဲ ရေတစ်ခွက် လှမ်းပေးလာခဲ့သည် ။
" ဘာလို့ မျက်လုံးတွေက ဒီလောက်တောင် နီနေရတာလဲ ?"
လျန်ကျွယ် နိုးနေခဲ့သည်မှာ အတော်လေးကြာလှပြီဖြစ်သည့်ပုံပင် ။ အဝတ်အစားများကိုပင် လဲလှယ်ပြီးဖြစ်ကာ အပြင်ထွက်ရန်အတွက် အဆင်သင့်ဖြစ်နေခဲ့သည် ။
ရှန်ထင်ဝေ့က ချောင်းဆိုးပြီးနောက် သူ၏မေးခွန်းအား ပြန်မဖြေပါပဲ ရေခွက်ကိုသာ လှမ်းယူလိုက်ရင်း ရေနွေးနွေးလေး တစ်ငုံခန့်သောက်လိုက်ကာ သူ၏လည်ချောင်းအား စိုစွတ်အောင် ပြုလိုက်ပြီးမှသာ မော့ကြည့်လာခဲ့သည် ။
" ကုမ္ပဏီကို သွားတော့မလို့လား ?"
" အလုပ်ကိစ္စခရီးတစ်ခု သွားစရာရှိနေလို့ "
လျန်ကျွယ်က သာမန်ကာလျှံကာ ပြန်ဖြေလာခဲ့ပါရင်း အိပ်ရာဘေးဖက်၌ ရပ်နေခဲ့ကာ သူ၏ရောင်ယမ်းနေသော မျက်ဝန်းအိမ်တို့အား စိုက်ကြည့်လာခဲ့သည် ။
" အိပ်မက်မက်နေတာလား ?"
ရှန်ထင်ဝေ့က ထိုခေါင်းစဉ်အား ဆက်မပြောချင်သည်ဖြစ်ရာ လျန်ကျွယ်၏ အကြည့်တို့အား ရှောင်တိမ်းလိုက်ပြီးနောက်တွင် ရေသောက်လိုက်ပြန်ရင်း ဝေဝေဝါးဝါးပဲ တုံ့ပြန်လာသည် ။ တစ်ခနမျှ ကြာသွားချိန်မှသာ ရုတ်ခြည်းတစ်ဖန် ခေါင်းမော့လာခဲ့ပြန်လျက် မျက်ဝန်းအိမ်တို့ကလည်း အနည်းငယ်မျှ ပြူးကျယ်သွားခဲ့ပြီးနောက်တွင် အံ့အားတကြီးဆိုလာခဲ့သည် ။
" အလုပ်ကိစ္စခရီးက အခုသွားတော့မလို့လား ?"
" 10 နာရီ လေယာဉ်နဲ့.. ကျန်းချန်ကို သွားရမှာ "
လျန်ကျွယ်က ရှန်ထင်ဝေ့အား ယမန်နေ့ညတုန်းက ကိစ္စရပ်များအား အကျဉ်းချုပ်ရှင်းပြလာခဲ့သည် ။ ညစာစားပွဲတုန်းက ဆွေးနွေးညှိနှိုင်းမှုမှာ အတော်လေးကို ချောချောမွေ့မွေ့ရှိခဲ့ပါရင်း ဒီနေ့ပဲ လက်မှတ်ထိုးရန်အတွက် ခရီးထွက်ဖို့ လိုလာခဲ့ခြင်းပင် ။ အသေးစိတ်အချက်အလက်များအား အဆုံးသတ် ပြောကြားပြီးသွားချိန်တွင် နောက်ပိုင်း၌ သူ့အား ထိုမျှလောက် နောက်ကျချိန်ထိ စောင့်ဆိုင်းမနေပါရန် မှာကြားလာခဲ့သည် ။
BẠN ĐANG ĐỌC
ယစ်မူးပျော်ဝင်ဖွယ်║မြန်မာပြန် 『Completed 』
FanfictionMyanmar Translation of { Ni Jiu ( 溺酒 )} Original Author _ Nai Kou Ka Status in COO _ 85 Chapters + 6 Extras ( Complete ) I don't own any of this novel . This is just a fan translation and all credits go to the original author . I'll translate this...