Chapter-17

13.7K 1.8K 83
                                    

~Unicode~

အလုပ်ရှာဖွေမှုက မမျှော်လင့်စွာပင် ချောချောမွေ့မွေ့ ရှိခဲ့ပါ၏ ။

ရှန်ထင်ဝေ့က အင်တာဗျူးဖြေသည့်အချိန်တွင် တစ်ဖက်လူက သူ့အား မေးခွန်းများစွာ မေးလာခဲ့သည် ။ ပညာအရည်အချင်းအား မေးလာခဲ့ချိန်တွင် ရှန်ထင်ဝေ့က အထစ်ထစ်အငေါ့ငေါ့ ဖြစ်လာခဲ့ရလေသည် ။ လက်ရှိတွင် ဤကမ္ဘာသို့ ရောက်ရှိလာသည့် ဖြစ်ရပ်အား မည်သူ့ကိုမှ ထုတ်မပြောရဲခဲ့လေရာ အမှန်အတိုင်းမဝန်ခံပဲ လိမ်ညာခဲ့သည် ။ ယခင်တုန်းက တက္ကသိုလ်၌ ဥပဒေဘာသာရပ်အား သင်ယူခဲ့သော်လည်း ယခုရောက်ရှိနေသည့် ကမ္ဘာတွင် သူသင်ယူထားသည့် ဥပဒေတို့က တစ်ခုမှကို သုံးစားလို့မရနေခဲ့ ။ ထို့ကြောင့် တစ်ဖက်လူက မေးလာခဲ့ချိန်တွင် ရှန်ထင်ဝေ့က ဝေဝေဝါးဝါးနှင့်ပင် အထက်တန်းသာ ပြီးထားသေးကြောင်း ပြန်ဖြေလိုက်ပါ၏ ။

သူ၏အဖြေများအား သူကိုယ်တိုင်ပင် စိတ်တိုင်းမကျလှသည်ဖြစ်ရာ အဆုံးတွင် သိပ်ပြီး မျှော်လင့်ချက်မထားခဲ့ပါချေ ။ ရှန်ထင်ဝေ့က ယခင်အင်တာဗျူးနှစ်ခုအတိုင်းသာ ဖြစ်သွားဦးမည်ဟု ထင်ထားခဲ့ပါ၏ ။ ပထမဆုံးအင်တာဗျူးမှာ သူ့အား မေးမြန်းပြီးချိန်တွင် ဘေးဖက်သို့သွား၍ အသိပေးချက်အား စောင့်ဆိုင်းနေရန်ပြောလာခဲ့သော်လည်း ထိုအချင်းအရာမှာ ယဉ်ကျေးသော ငြင်းဆိုမှုတစ်ခုသာဖြစ်ပြီး နောက်ဆက်တွဲကိစ္စရပ်တို့ ပါမလာခဲ့ပါ‌ချေ ။ ဒုတိယတစ်ခုမှာ ပို၍ပင် ဆိုးရွားနေခဲ့ပါ၏ ။ တစ်ဖက်လူက သူ့ထံ၌ ဖုန်းတစ်လုံးတောင်မရှိကြောင်း သိလိုက်ရချိန်တွင် ယဉ်ကျေးသည့်အသုံးအနှုန်းတို့ကိုတောင်မှ မသုံးတော့ပဲ သူနှင့်အဆင်မပြေပါဘူးဟု မာမာထန်ထန် ငြင်းဆိုလာခဲ့သည် ။

သို့သော်လည်း မမျှော်လင့်စွာပင် ယခုတစ်ကြိမ်၌ အပြောင်းအလဲ ဖြစ်သွားခဲ့လေသည် ။

စကားပြောပြီးနောက်တွင် မန်နေဂျာဖြစ်သူက သူ့အား အလုပ်ခန့်စာတစ်စောင် တိုက်ရိုက်ပေးလာခဲ့ရင်း အချက်အလက်များအား ဖြည့်ခိုင်းခဲ့ကာ မည်သည့်အချိန်တွင် စတင်အလုပ်ဆင်းနိုင်ပါမည်နည်းဟု မေးလာခဲ့ပါ၏ ။

ရှန်ထင်ဝေ့က တစ်ခနမျှ ကြောင်အသွားခဲ့သော်လည်း ထို့နောက်တွင် ယခုချက်ချင်း အလုပ်ဆင်းနိုင်ပါကြောင်း အလျင်အမြန် ပြန်ဖြေလိုက်လေသည် ။

ယစ်မူးပျော်ဝင်ဖွယ်║မြန်မာပြန် 『Completed 』Onde histórias criam vida. Descubra agora