Chapter-49

15.5K 2.4K 102
                                    

~Unicode~

ရှန်ထင်ဝေ့မှာ သူအိပ်ရာထသည့်အချိန်က နောက်ကျလွန်းသည်ဟု ခံစားလာခဲ့ရသည် ။  မနက်ခင်းတိုင်း သူအောက်ဆင်းလာချိန်တွင် လျန်ကျွယ်က သွားနှင့်ပြီးသားပင် ။

နောက်ပိုင်းတွင်တော့ လျန်ကျွယ်မှာ ညစာအား အပြင်စာစားလေ့မရှိကြောင်းပါ သိလာခဲ့ရသည် ။ တစ်ရက် သူအိပ်ရာနိုးလာ၍ ရေသောက်ရန် အောက်ဆင်းလာခဲ့စဉ်တွင် အတော်လေးနောက်ကျမှ ပြန်ရောက်လာသည့် လျန်ကျွယ်က မီးဖိုချောင်ထဲ၌ ခေါက်ဆွဲချက်နေကြောင်း မြင်ခဲ့ရပါ၏ ။ ထို့ကြောင့် ထိုအချိန်မှစ၍ ရှန်ထင်ဝေ့မှာ ညစာချက်ပြုတ်ချိန်၌ အမြဲတမ်း ပိုပိုလျှံလျှံချက်ပြုတ်ပြီး လျန်ကျွယ့်အတွက် သီးသန့်ဖယ်ပေးထားခဲ့သည် ။

မည်သို့ပင်ဖြစ်စေ လူတစ်ယောက်စာ ပိုချက်လိုက်ရခြင်းကလည်း အပမ်းမကြီးပါသလို လျန်ကျွယ့်အတွက်လည်း ပြန်နွှေးစားလိုက်ရုံပဲဖြစ်ရာ အဆင်ပြေပေသည် ။

ရှန်ထင်ဝေ့မှာ ရံဖန်ရံခါ၌ စိတ်ကူးပေါက်ရာ ဟင်းပွဲအသစ်အဆန်းအချို့ ချက်ကြည့်ချင်သော်လည်း လျန်ကျွယ်အကြိုက်မတွေ့မည်အား စိုးရိမ်နေခဲ့သည် ။ ထို့ကြောင့် သူမနက်ဖြန် ချက်ပြုတ်ချင်သည့် ဟင်းအမယ်များအား ညကတည်းက Sticky note လေးဖြင့် ရေးပေးခဲ့ပြီးနောက်တွင် ရေခဲသေတ္တာတံခါးပေါ်၌ ကပ်ပေးထားခဲ့ရင်း လျန်ကျွယ့်အား စိတ်ကြိုက်ရွေးချယ်စေသည် ။

အချိန်အများစုတွင်တော့ လျန်ကျွယ်ထံ၌ မည်သည့်ထင်မြင်ချက်မျိုးမှ ရှိ‌နေမည်မဟုတ်ပါချေ ။ ရံဖန်ရံခါ သူတကယ် မစားသည့် ဟင်းအမယ်တစ်မျိုးမျိုးအား တွေ့ရချိန်မှသာ ထိုအမယ်၏နောက်၌ အမှားခြစ်သေးသေးလေးတစ်ခု ချန်ထားခဲ့မည်ဖြစ်သည် ။

သူတို့နှစ်ဦးသားက တစ်ယောက်နှင့်တစ်ယောက် လိုက်လျောညီထွေဖြစ်စေရန်အတွက် ထိုကဲ့သို့သော အံ့အားသင့်ဖွယ်ကောင်းသည့် နည်းလမ်းမျိုးကိုသာ ဆက်လက်အသုံးပြုခဲ့ကြပြီး ရှန်ထင်ဝေ့ကိုလည်း ပိုလို့ပင် စိတ်သက်သာရာ ရစေခဲ့သည် ။ အနည်းဆုံးတော့ လျန်ကျွယ်နှင့် မျက်နှာချင်းဆိုင်ရချိန်မျိုး၌ သူ့အနေနှင့် " အရှက်ရသည့်ခံစားချက် " မျိုး ရှိမနေပါတော့ ။

ယစ်မူးပျော်ဝင်ဖွယ်║မြန်မာပြန် 『Completed 』Место, где живут истории. Откройте их для себя