Chapter-58

17.9K 2.8K 197
                                    

~Unicode~

လျန်ကျွယ့်ထံ၌ အခြားသူများအား ပွေ့ဖက်ရန်မပြောသေးနှင့် အတူတူအိပ်စက်သည့် အလေ့အကျင့်မျိုးတောင် မရှိသည်ဖြစ်ရာ ထိုနေ့ည၌ ကောင်းကောင်းအိပ်မပျော်ခဲ့ပါချေ ။

ရှန်ထင်ဝေ့ကမူ ပင်ပန်းနေသောကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပါသော်လည်း အိပ်ပျော်နေသည့်တစ်လျှောက်လုံး၌ သေးငယ်သည့် လှုပ်ရှားမှုလေးများစွာ များစွာပြုလုပ်လာခဲ့သည် ။ ဆက်တိုက်ဆိုသလို သူ၏ခြေချင်းဝတ်ကလေးက လျန်ကျွယ်၏ ဘောင်းဘီအနားစအား ပွတ်သပ်နေခဲ့မည်ဖြစ်ပြီး တစ်ချက်တစ်ချက်၌လည်း သူ၏လက်အားမြှောက်လျက် လျန်ကျွယ်၏ လက်မောင်းအား ထိတွေ့လာပေလိမ့်မည် ။ လျန်ကျွယ့်အား ထိတွေ့နေရချိန်၌ အတော်လေး သက်တောင့်သက်သာရှိသည်ဖြစ်ရာ တစ်ဖက်လူအား ထိတွေ့နေမိခြင်းကို မရပ်တန့်နိုင်ပါတော့ ။

လျန်ကျွယ်မှာ ရှန်ထင့်ဝေ့နှင့် အိပ်စက်ရသည်အား အသားမကျနေခဲ့လေရာ သူ၏လက်မောင်းအား ရှန်ထင်ဝေ့ထံမှ ပြန်ဆွဲထုတ်ချင်ခဲ့ပါသော်လည်း ရှန်ထင်ဝေ့ကမူ သူ၏လက်မောင်းအတွင်း၌ အိပ်မက်ယောင်နေသည့်အလား နှုတ်ဆက်စကားများနှင့် အခြားသောစကားများအား တီးတိုးရေရွတ်လာခဲ့သည် ။ သူ၏အသံက အတော်လေး တိုးလျနေခဲ့သောကြောင့် လျန်ကျွယ်က ဘာကိုမှ ရှင်းရှင်းလင်းလင်း မကြားနိုင်နေခဲ့ပဲ ရှန်ထင်ဝေ့က သူ၏လက်မောင်းအား ဆွဲမြှောက်လိုက်ပြီးနောက်တွင် သူ၏ နောက်ကျောထက်သို့ ခပ်တင်းတင်း ဖက်တွယ်စေလိုက်ကြောင်းကိုသာ ခံစားမိနေခဲ့လေသည် ။

ထို့နောက်တွင်တော့ လျန်ကျွယ်မှာ ရှန်ထင်ဝေ့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ချိုမြိန်သောရနံ့များအောက်၌ အိပ်ပျော်သွားခဲ့ရပါ၏ ။

မနက်ခင်းတွင် ရှန်ထင်ဝေ့က အရင်ဆုံးနိုးလာခဲ့သည် ။

လျန်ကျွယ်က ခန်းဆီးစတို့အား တင်းတင်းစေ့ပိတ်ထားလေ့ရှိလေရာ အခန်းတွင်းရှိ အမှောင်ထုကြီးက နေ့လားညလား မသဲကွဲနေစေခဲ့ ။ ရှန်ထင်ဝေ့က အားနည်းနေဆဲဖြစ်သော်လည်း ယမန်နေ့ညထက်တော့ အတော်လေးပို၍ သက်သာလာပြီဖြစ်ပြီး သူ၏နောက်ကျောကသာ အနည်းငယ်မျှ စူးအောင့်နေခဲ့သည် ။ နောက်ကျောအား နှိပ်နယ်ရန်အတွက် သူ၏လက်အား မသိစိတ်အရ မြှောက်လိုက်မိချိန်တွင် မရည်ရွယ်ပါပဲ အနောက်ဖက်ရှိလူအား နှိုးလိုက်မိသလို ဖြစ်သွားခဲ့ရပါ၏ ။

ယစ်မူးပျော်ဝင်ဖွယ်║မြန်မာပြန် 『Completed 』Tempat cerita menjadi hidup. Temukan sekarang