Chapter-8

15.7K 1.9K 31
                                    

~Unicode~

လျန်ကျွယ်သည် ယခင်တုန်းက မြို့ဆင်ခြေဖုံးဖက်ရှိ ဗီလာတစ်ခုတွင် နေထိုင်ခဲ့ခြင်းဖြစ်သည် ။ သူ့ထံ၌ ကလေးရှိလာသည့်အချိန်တွင် ကျောင်းနှင့်အိမ်က အတော်လေး ဝေးကွာလွန်းပြီး အဆင်မပြေမှုများ ရှိလာခဲ့လေရာ ရိုးရိုးရှင်းရှင်းပင် မြို့ထဲ၌ ပို၍ကြီးသော အိမ်တစ်လုံးဝယ်လိုက်ပြီး ထိုနေရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည် ။ လျန်ကျွယ်က ထိုအိမ်ဟောင်းအား ရောင်းချရန် စိတ်ကူးမရှိခဲ့ပဲ အလွတ်သာ ထားထားခဲ့သည် ။ ထိုအိမ်အား ရွေးချယ်သည့်အချိန်တုန်းက အင်အားအတော်လေး စိုက်ထုတ်ခဲ့ရသည်ဖြစ်ရာ ရောင်းပစ်ရမည်မှာ နှမြောစရာပင် ။

ကားက ခြံဝင်းထဲသို့ မောင်းဝင်လာခဲ့ပြီး မရပ်သေးခင်မှာတင် တစ်စုံတစ်ယောက်က ကားသံကြား၍ အပြေးထွက်လာလေသည် ။

လက်ထောက်ဖြစ်သူက လျန်ကျွယ် ကားထဲမှ ထွက်လာသည်အား မြင်လိုက်ရချိန်တွင် သူ့ထံသို့ အလျင်အမြန်ပြေးလာရင်း ခေါင်းညိတ်ပြလျက် နှုတ်ဆက်လာသည် ။ " လူကြီးမင်းလျန် "

လျန်ကျွယ်က တံခါးမှတစ်ဆင့် အထဲသို့ ဝင်သွားလိုက်ကာ သူ၏ ကုတ်အင်္ကျီအား ချွတ်လိုက်ပြီး အနောက်ဖက်ရှိ လက်ထောက်က အင်္ကျီအား လှမ်းယူလာသည် ။ " ဘယ်လိုလုပ်ပြီး ရောက်လာတာပါလဲ ?"

လျန်ကျွယ်က ဘာမှမပြောလာပဲ သူ၏ နက်ကတိုင်အား ဖြေလျော့လိုက်သည် ။ " လူက ဘယ်မှာလဲ ?"

" ဒုတိယထပ်က ဧည့်သည်နားနေခန်းထဲမှာပါ "

ရှန်ထင်ဝေ့က အိပ်မောကျနေဆဲဖြစ်ပြီး သူ၏ လက်မောင်းများက မငြင်သာလှသော တစ်စုံတစ်ယောက်ဆီမှ ဆောင့်ဆွဲခံလိုက်ရကာ ငိုက်မြည်းနေဆဲဖြစ်သော အသိစိတ်တို့မှာလည်း တဖြည်းဖြည်းချင်း ပြန်၍ တည်ငြိမ်လာခဲ့သည် ။ စိတ်ထဲ၌ ပရမ်းပတာဖြစ်နေမှုများအား ဖယ်ရှားရန် ကြိုးစားလိုက်ရင်း မျက်စိမဖွင့်နိုင်သေးခင် အချိန်မှာတင် သူ၏ နားအတွင်းသို့ ဝင်ရောက်လာသော‌ အေးစက်သည့် အမျိုးသားတစ်ဦး၏ အသံအား ကြားလိုက်ရလေသည် ။

" ဘာလို့ အခုထိ မနိုးသေးတာလဲ ?"

လျန်ကျွယ်က ရှန်ထင်ဝေ၏ လက်မောင်းကြားမှ သာမိုမီတာအား ဆွဲထုတ်လိုက်ရင်း ကုတင်ဘေးဖက်ရှိ ဖျော့တော့သော မီးရောင်အား အမှီသဟဲပြုလျက် အပူချိန်အား တစ်ချက်ကြည့်လိုက်သည် ။

ယစ်မူးပျော်ဝင်ဖွယ်║မြန်မာပြန် 『Completed 』Onde histórias criam vida. Descubra agora