~Unicode~
{ NSFW content!!!
Read at your own ricks!}လျန်ကျွယ်က သူနှင့် အတော်လေးကို နီးကပ်နေပါသော ရှန်ထင်ဝေ့ထံ ခေါင်းငုံ့ကြည့်လာခဲ့သည် ။
ရှန်ထင်ဝေ့၏ ရင်ဘတ်ကလေးက ဝင်သက်ထွက်သက်တို့နှင့်အတူ အနည်းငယ်မျှ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့ပါရင်း သူ၏တုံ့ပြန်မှုအား စိုးရိမ်တကြီး စောင့်ဆိုင်းနေပုံရကာ နားရွက်ဖျားမှ မှဲ့နီသေးသေးလေးတောင်မှပင် ပိုလို့ ရဲသွေးဖြာနေခဲ့ပါ၏ ။ လက်ကလေးကလည်း လျန်ကျွယ်၏ အင်္ကျီစအား ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ခပ်ဖွဖွလေး ထိတွေ့ထားခြင်းမျိုး မဟုတ်ရပါပဲ သူ့အား မောင်းထုတ်လိုက်မည်ကို ကြောက်ရွံ့နေသည့်အလား ခပ်တင်းတင်း ဆုပ်ညှစ်ထားခဲ့လေသည် ။
အလွန်အမင်း ပူပြင်းနေပါသော လက်ချောင်းထိပ်ကလေးများက လျန်ကျွယ်၏ ခါးနံဘေးပိုင်းအား မတော်တဆ ထိမိသွားခဲ့ရပြီး ရှက်ရွံ့မှုကြောင့် မီးပွင့်မီးစလေးများ ပေါက်ထွက်လာသည့်အလား လျန်ကျွယ်၏ အရေပြားကိုသာမက သူ၏ လည်ချောင်းတစ်လျှောက်ကိုပါ ပူလောင်သွားစေခဲ့သည် ။ လျန်ကျွယ် စိတ်ထင်နေခြင်းပဲလားတော့မသိရ ရှန်ထင်ဝေ့၏ ချိုချိုချဉ်ချဉ် ဝိုင်ရနံ့လေးများက ပိုလို့သိပ်သည်းလာခဲ့ပါ၏ ။
လျန်ကျွယ်က ရှန်ထင်ဝေ့၏ မျက်နှာလေးအား ငုံ့ကြည့်လာခဲ့ပြီးနောက်တွင် တိုးတိမ်ကာ ဆွဲဆောင်မှုတို့ ပြင်းရှလွန်းပါသော အသံဖြင့် မေးလာခဲ့သည် ။
" စံပယ်ပန်းကို သဘောကျတာလား ?"
ရှန်ထင်ဝေ့က ခေါင်းညိတ်လျက် " အွန်း " ဟု ပြန်ဖြေလာခဲ့ပြီးနောက်တွင် အင်္ကျီစအား ဆုပ်ညှစ်ထားသည့် သူ၏လက်ကလေးက ပြေလျော့သွားခဲ့ရပါရင်း များများစားစား မတွေးတောနိုင်ပါတော့ပဲ အနည်းငယ်မျှ စိုစွတ်နေသည့် လက်ဖဝါးပြင်လေးက လျန်ကျွယ်၏ လက်အား တိုက်ရိုက်ဆုပ်ကိုင်လာခဲ့လေသည် ။ ထိုအချိန်မှသာ သူ၏ချွေးစိုနေသည့်လက်အား လျန်ကျွယ်က သဘောမကျလောက်ပါကြောင်း သတိပြုမိသွားခဲ့ရပါသော်လည်း ပြန်ဆွဲယူရန်အတွက်မူ နောက်ကျလွန်းသွားခဲ့ပြီဖြစ်သည် ။
သူ၏လက်ကလေးက လျန်ကျွယ့်ထံမှနေ၍ တင်းတင်းကျပ်ကျပ် ပြန်လည်ဆုပ်ကိုင်ခံလိုက်ရလျက်သား ။
VOCÊ ESTÁ LENDO
ယစ်မူးပျော်ဝင်ဖွယ်║မြန်မာပြန် 『Completed 』
FanficMyanmar Translation of { Ni Jiu ( 溺酒 )} Original Author _ Nai Kou Ka Status in COO _ 85 Chapters + 6 Extras ( Complete ) I don't own any of this novel . This is just a fan translation and all credits go to the original author . I'll translate this...