(၆) Z/U
1.2K 75 2
Zawgyi
________
“ကျွန်တော်မှိုင်းမောင်နဲ့လိုက်ချင်လို့ ”
“အာ... လိုက်ခဲ့ဗျာ ခင်ဗျားကိုတားနေလဲရမှာမဟုတ်တာကျုပ်လဲသိနေတာပဲ။
ဒါမဲ့ခင်ဗျားတော့ဘာမှမလုပ်နဲ့နော်ဟုတ်ပလား။”
“အင်းပါ”
ရှေ့ကနေအလျင်အမြန်လမ်းလျှောက်နေတဲ့မှိုင်းမောင်နောက်ကိုခက်နွယ်အလျင်အမြန်ပြေးလိုက်နေရတယ်။ဘယ်လိုတောင်လောနေလို့ဒီလောက်ထိသွားနေရတာလဲ။
ခနအကြာတော့ ပစ္စည်းတွေထားတဲ့ရုံကိုရောက်လာကြတယ်။
မှိုင်းမောင်က ဒယ်အိုးအကြီးကြီး တစ်အိုး အပြင်နောက်ထပ်ပန်းကန်လုံးတွေထည့်ထားတဲ့ ချိုင့်ဆွဲကို ယူနေတာကြောင့်ခက်နွယ်ကသိပ်မလေးတဲ့ ချိုင့်ဆွဲကို ကူဆွဲပေးဖို့တွေးလိုက်တယ်။
“လေးတယ်နော်”
ခက်နွယ်ထိုစကားကသူ့ကိုစော်ကားသလိုဖြစ်သွားတာကြောင့်အမြန်ပင် သူလုပ်နိုင်ကြောင်းပြောလိုက်တယ်။
“ငါလုပ်နိုင်တယ် အိုးကကော”
“ပြီးရောဗျာ အိုးကထားလိုက် ကျုပ်မ, နိုင်တယ် ခင်ဗျား သာမနိုင်ရင်ကျုပ်ကိုပြော ကျုပ်ကအလုပ်တွေများနေတာ ”
“ငါမနိုင်တယ်ဟုတ်ပြီလားဒီမှာကြည့်မင်းအိုးတောင်ငါမ, နိုင်တယ် ”
ခက်နွယ်က သူ့ရှေ့မှာရှိနေတဲ့ဖင်မဲမဲနဲ့မိုးဗြဲဒယ်အိုးကိုမ, ပြလိုက်တယ်။
“အခုယုံပြီလား”
မျက်ခုံးပင့်ကာ ဘယ်လိုလဲဆိုပြီး မေးလိုက်ပြီးအိုးကိုပြန်ချလိုက်သည်။
ခနလေးဆိုပေမဲ့အနည်း ငယ်ချွေးစို့သွားတာကြောင့်
မျက်နှာပေါ်ကချွေးစတွေကိုလက်ဖ၀ါးနဲ့အားရပါးရပွတ်သပ်ကသုတ်လိုက်တယ် ။ မှိုင်းမောင်ကတော့သူ့ကိုကြည့်ကာအနည်းငယ်ပြုံးနေတာကြောင့် ခက်နွယ်ဘာလဲဟူသောသဘောဖြင့် မျက်မှောင်ကြုံ့လိုက်တော့ မှိုင်းမောင်ကနဖူးကိုလက်ညှိုးထိုးပြကာ
“မဲနေပြီခင်ဗျားနဖူးက ”
“ဟုတ်လား ”
လက်ကိုဖြန့်ကြည့်လိုက်မှ မဲနေတာသတိထားမိတယ် ခနကအိုးကိုမ, ပြလိုက်တဲ့ချိန်ကပေသွားတာဖြစ်မယ်။