(၁၆)Z/U
1.1K 62 2
Zawgyi
________
ဆေးသောက်ပြီးတာနဲ့ ချက်ချင်းအန်ချလာသည့် ခက်နွယ်ကြောင့်မှိုင်းမောင်စိတ်ပူသွားသည်။
“ဘယ်လိုဖြစ်တာလဲ အဆင်ပြေရဲ့လား ”
သူ့ကိုယ်ပေါ်ကအရာတွေကိုမှိုင်းမောင်ဂရုမစိုက်အားပေ။သူသိတာသူ့ရှေ့ကလူနေလို့မကောင်းဖြစ်နေတာဆိုတာပင်။
“အဆင်ပြေရဲ့လားဗျာ”
မှိုင်းမောင်မေးလိုက်သော်လည်းဘာအဖြေမှထွက်မလာထိုအစား မျက်ရည်တွေတွဲခိုနေသည့် မျက်ဝန်းနဲ့သူ့ကိုမော့ကြည့်လာတာတွေ့လိုက်ရသည်။မှိုင်း မောင် ကြောင်အသွားပြီးငေးကြည့်နေမိသည်။ဘာလို့ဒီလူရဲ့မျက်ရည်တွေကိုမြင်လိုက်တိုင်း သူ့ရင်ဘတ်ကတင်းကျပ်လာရသနည်း။
“နေရခက်တယ်မှိုင်းမောင် နှာခေါင်းမှာကော အင့် ”
“ခင်ဗျားကအန်ချင်တာအောင့်ထားလို့ဖြစ်မယ် အဆင်ပြေသွားမှာပါခုထပ်အန်ချင်သေးလား
အန်ချလိုက်”
မှိုင်းမောင်ကမေးတော့ခက်နွယ်ကခေါင်းကိုခါယမ်းပြသည်။
“ဟင့်အင်း ”
“ဟုတ်ပါပြီဗျာကျုပ်အဆင်ပြေအောင်လုပ်ပေးမယ် ငိုတော့မငိုပါနဲ့ ခင်များငိုရင်ကျုပ်မှာနေရခက်လွန်းလို့ပါဗျာ”
မျက်ခမ်းစပ်နားကမျက်ရည်တွေကိုမှိုင်းမောင်သုတ်ပေးလိုက်ပြီး ပေပွနေတဲ့စောင်တွေကိုလုံးယူကာ ဘေးနားထားလိုက်သည်။တော်သေးသည်အိပ်ရာမှမပေသွားလို့။
“မှိုင်းမောင်မင်းပေသွားပြီ”
ခက်နွယ် မှိုင်းမောင်ရင်ဘတ်ပေါ်အညစ်အကြေးတွေကြောင့်ခက်နွယ် ထပ်ပြီးအားနာစိတ်ဝင်လာရသည်။ကိုယ့်ကိုစေတနာနဲ့လာကြည့်ပေးတဲ့လူတစ်ယောက်ကို ဒီလိုဖြစ်အောင်လုပ်လိုက်တာ ခက်နွယ်မင်းကအရူးပဲ။
“ရတယ် ခင်များစကားမပြောနဲ့ ခနနေဦးပလုတ်ကျင်းဖို့ရေသွားခပ်ပေးအယ်”
ခက်နွယ်ကြောင့်မှိုင်းမောင်မှာအပေါ်တက်လိုက်အောက်ဆင်းလိုက့အလုပ်ရှပ်နေတေယ့သည်။သူကြီးလင်မယားနှစ်ယောက်နဲ့ ခြံထဲကအလုပ်သမားကောင်လေးကတော့မှိုင်းမောင်ကိုကြည့်ပြီး ခေါင်းတွေမူးနေချေပြီ။
နောက်ဆုံးတော့စောင်အသစ်တွေယူပြီး ခက်နွယ်အ၀တ်တွေကိုကောလဲပေးလိုက်ကာအိပ်ပျော်သည်အထိစောင့်ပြီးမှမှိုင်းမောင်အိမ်ပြန်လာခဲ့လိုက်သည်။မှိုင်းမောင်သူ့ကိုယ်သူမသိသည်ကသူလုပ်ပေးနေတာ ဧည်သည့်တစ်ယောက်ကိုပြုစုပေးတာထက်ကိုကျော်လွန် နေပြီဆိုတာကိုပင်။