Zawgyi
_______“လာပါထိုင်ပါဆရာလေးရယ်ညနေစာကောစားခဲ့ပြီလားရှင့်”
ဒေါ်မှုံကယပ်တောင်ကိုဘေးနားချလိုက်ပြီးခက်နွယ်ကိုနေရာထိုင်ခင်းပေးလိုက်တယ်။ပြီးတော့ ရေနွေးကြမ်းကိုငှဲ့ပြီးပေးတာကြောင့် ခက်နွယ်လှမ်းယူလိုက်ကာ ကျေးဇူးတင်စကားပြောလိုက်သည်။
“အိမ်လာလည်မှာကိုဘာလို့ထမင်းတွေစားခဲ့တာလဲ ဒီအိမ်မှာလဲလာစားလို့ ရပါတယ်”
ဒေါ်မှုံကပြောတော့ ခက်နွယ်ကပြုံးလိုက်ကာ
“ကျွန်တော်ကဒီချိုင့်လေးပေးဖို့ပါအဲ့ဒါကြုံတာနဲ့တစ်ခါထဲအိမ်လာလည်လိုက်တာ”
“ဒေါ်မှုံသာမှိုင်းမောင်ကို ထမင်းချိုင့်ထည့်မပေးရင်အိမ်လာမလည်ောတ့ဘူးပေါ့ဟုတ်လား”
မျက်နှာအပြည့်သနပ်ခါးတွေလိမ်းထားတဲ့ဒေါ်မှုံကစကားကိုဗွတ်ဗွတ်ရှင်းရှင်းပြောတက်ပုံရတယ်။ခက်နွယ် ဟီးခနဲတစ်ချက်ရယ်လိုက်ပြီး
“ကျွန်တော်နောက်နေ့ လာစားပါ့မယ်”
သူ့အဖြေကိုကြားမှဒေါ်မှုံကကျေနပ်သွားပုံရသည်။
“နေပါဦး ဒေါ်မှုံ လက်ဖက်လေးသွားသုတ်လိုက်ဦးမယ် မှိုင်းမောင်ရေ... ဒီကိုခနလာပါဦးဆရာလေးခက်နွယ်အိမ်လာလည်လို့ ”
ဒေါ်မှုံခက်နွယ်ကို ပြုံးပြကာ မှိုင်းမောင်နဲ့စကားပြောဖို့ပြောပြီးအိမ်နောက်ကိုထွက်သွားတော့တယ်။ထိုချိန်မှာပဲအိမ်နောက်ကနေ ပုဆိုးပြင်ထွက်ရင်းထွက်လာတဲ့မှိုင်းမောင်ကိုတွေ့လိုက်ရတယ်။
“ထူးထူးဆန်းဆန်းဗျာ ကျုပ်အိမ်ကိုလာလည်လို့ပါလား ရောက်လာတဲ့၁လလုံးလုံးကျုပ်တို့ အိမ်ရောက်မလာဘဲ”
အချိန်ပြည့်အလုပ်လုပ်နေတဲ့မှိုင်းမောင်ရဲ့မျက်နှာပေါ်ကချွေးတွေစို့ နေပြီး မှိုင်းမောင်က သူ့လက်ဖ၀ါးနဲ့နဖူးကိုသုတ်လိုက်ပြီး
ခက်နွယ်ရှေ့က ရေနွေးကြမ်းငှဲ့ထားတဲ့ခွက်ကို ယူသောက်လိုက်တယ်။ခက်နွယ်လန့်ပြီး လှမ်းတားလိုက်သော်လည်းမမှီတော့။“ဘာဖြစ်လို့လဲ ”
“အဲ့ဒါငါသောက်ပြီးသား”
YOU ARE READING
Romansaကျုပ်ကဆရာလေးကိုသိပ်ချစ်တာဗျ.. အုံ့မှိုင်းမောင် & သပြေခက်နွယ် ကျုပ်ကဆရာလေးကိုသိပ်ချစ်တာဗျ.. အုံ့မှိုင်းမောင် & သပြေခက်နွယ် (Both Zawgyi and Uniocde) 10.5.2022~2.6.2022