(၂၂)Z/U
1.1K 64 3
Zawgyi
_______
“မှိုင်းမောင် ”
သစ်ပင်အောက်မှာထိုင်စောင့်နေတဲ့ မှိုင်းမောင် အရင်တစ်ခါကသူစောင့်နေရပြီးအခုကမှိုင်းမောင်သူ့ကိုစောင့်နေ ခဲ့တာပေါ့ ။
“မှိုင်းမောင်”
“အော်ခင်များရောက်လာပြီလား”
မှိုင်းမောင်ကဘာတွေတွေးနေလို့လူတစ်ယောက်လုံးလာတာကိုမသိရသနည်း။
“ဟုတ်တယ် မင်းနေကောင်းတယ်နော် ”
“ကျုပ်နေကောင်းပါတယ်သွားတော့ရအောင်ဗျ ”
“အင်း”
ခက်နွယ်တိမ်ရောင်ချင်းကိုနှုတ်ဆက်ကာမှိုင်းမောင်လိုက်ခဲ့နော့သည်။ ဒီနစ်ခါတော့ဘောင်းဘီရှည်နှင့်လာခဲ့တာမို့
အရင်တစ်ခါကလိုတော့ အခက်မတွေ့တော့
သွားတဲ့လမ်းတစ်လျှောက် မှိုင်းမောင်ဆီကဘာသံမှထွက်မလာ
ခက်နွယ်ထူးဆန်းသလိုခံစားမိနေပေမဲ့ဘာမှမမေးပဲတိတ်ဆိတ်စွာလိုက်ပါလာ ခဲ့တော့တယ်။
“မှိုင်းမောင် ဘယ်သွားမှာလဲ”
မှိုင်းမောင်ကသူကြီးအိမ်ကိုကျော်ကာသွားလိုက်တော့ ခက်နွယ် ကမေးလိုက်ခြင်းပင်။
"ကျုပ်အိမ်ကိုတည်းရမှာ သူကြီးအိမ်မယ် သူတို့မြို့ကတူတွေသူငယ်ချင်းအုပ်စုလိုက်အလည်ရောက်နေလို့ "
"အာ ဒါဆိုငါမင်းအိမ်နေရမယ်ပေါ့ "
"မနေချင်လို့လားဗျ "
"မဟုတ်ပါဘူး ငါက၀မ်းသာလို့ပါ "
"၀မ်းသာလို့ ဘာလို့ဝမ်းသာတာလဲ "
"ဟိုမှိုင်းမောင်က တခြားလူတွေထက်ငါ့ကိုပိုဂရုစိုက်ပေးလို့လေ"
"အော်အဲ့တာကြောင့်လား"
"အကြောင်းပြချက်ကအမျိုးမျိုးရှိပါတယ် "
"ခင်များကျုပ်ကိုသဘောကျနေတာလား"
"ဒါပေါ့ငါမှိုင်းမောင်ကိုသဘောကျတယ် မှိုင်းမောင်ဆီမှာငါသဘောကျရတဲ့ အချက် တွေအများကြီးရှိနေတာပဲကို"
"ဟုတ်လား ကျုပ်တော့ဘ၀င်တောင်မြင့်ချင်နေပြီဗျာ"
"မြင့်ရင်လဲရပါတယ်"