(၁၅)Z/U
1.1K 63 6
Zawgyi
_______
“မှိုင်းမောင်ဆရာလေးခက်နွယ်ကနေမကောင်းဘူးဆို ”
မှိုင်းမောင် ညနေစောင်း တော့ သူငယ်ချင်းတွေနဲ့ရေခပ်ဆင်းလာသည့် လှယဉ်ကို ရွာကရေကန်ကြီးသွားတဲ့လမ်းမှာစောင့်နေခဲ့တာပင်။ လှယဉ်ကသူနဲ့လမ်းလျှောက်ကာစကားပြောနေရင်း ခက်နွယ်ရဲ့နေမကောင်းဘူးဆိုတဲ့ စကားကြောင့်မှိုင်းမောင်ရဲ့ ခြေလှမ်းတွေရပ်တန့်ကုန်တယ်။
“ဘယ်သူပြောတာလဲ ”
မှိုင်းမောင်ကမေးတော့ လှယဉ်ကထစ်ထစ်ငေါ့ငေါ့ဖြင့်
“ယဉ်အေးကဒီနေ့သူတို့ဆရာကျောင်းမလာတော့ကျောင်းကဆရာမကိုမေးတာ နေမကောင်းလို့ကျောင်းမလာတာတဲ့လေ ”
ဒီလိုဖြစ်မှာစိုးလို့ ဆေးတွေသေချာသောက်ခိုင်းထားတာကို ဒီလူကတကယ်စကားနားမထောင်တာပဲ။ ဒီနေ့လဲပြန်ထပ်သွားကြည့်ရဦးမယ်ထင်တယ်
“ငါအိမ်ပြန်ဦးမယ်လှယဉ်”
“အော်အေးအေး”
အဖြူရောင်တီရှပ်အညံ့စားနဲ့အညိုရောင်ကွက်စိတ်ပုဆိုးလေးဝတ်ထားတဲ့ မှိုင်းမောင်ပုံစံကကြည့်ရတာအနည်းငယ်ကလန်ကလားတော့ဖြစ်နေသည်။ဒါပေမဲ့  ဒီလိုပုံစံကိုကသဘောကျစရာကောင်းနေတာ ရွာထဲကလုံမပျိုတွေအသိပဲလေ။တစ်ရွာလုံးကအပျိုလေးတွေငမ်းငမ်းတက်လိုချင်နေပေမယ့်
မာနကြီးပြီးအေးစက်တဲ့ မှိုင်းမောင်ကရွာကအချောဆုံးဆိုတဲ့ ကွမ်းတောင်ကိုင်မလေးလှယဉ်ကိုသာအလေးပေးဆက်ဆံ တာကြောင့်အားလုံးကလက်လျော့လိုက်တာပင်။
လှယဉ်သူ့အခြေအနေကိုသဘောကျစွာတခစ်ခစ်ရယ်မောနေတော့သည်။ သူငယ်ချင်းတွေကလဲ ဘာမှမသိပေမဲ့ လှယဉ်ရယ်မောသည့်အသံနောက်ကိုလိုက်ပါရယ်မောကြတော့သည်။
“အမေ !”
မှိုင်းမောင်အိမ်ပြန်ရောက်တော့အမေ့ကိုလှမ်းအော်လိုက်သည်။သူအော်လိုက်တော့ အိမ်နောက်ကနေချိုင့်တစ်ခုဆွဲကာထွက်လာသည့် အမေ့ကိုတွေ့လိုက်ရသည်။
“ဘာကြီးလဲအမေ”
“မှိုင်းမောင် သားလာတာနဲ့အတော်ပဲ ဆရာလေးကနေမကောင်းဘူးတဲ့ ဆန်ပြုတ်သွားပေးပါဦး သူကြီးတို့ လင်မယားလဲ အများကြီးဂရုစိုက်နိုင်မှာမဟုတ်ဘူး”