(၁၈)Z/U
1.1K 66 7
Zawgyi
________
သူတို့တွေအားလုံးရပ်နေရတာကြာနေပြီခြင်တွေလဲကိုက်နေပြီသူတို့ခေါင်းဆောင်ကလဲ ဘာဖြစ်လို့ ဒီလောက်စကားအများကြီးပြောနေတာလဲ သာဒင်တို့ စဉ်းစားမရစကားတွေရောက်တက်ရာရာပြောနေကြပြီးခုချိန်ထိကို မပြီးနိုင်သေးကြ သူတို့ရပ်နေရတာ ၃နာရီကျော်နေပြီ လေ
ဘာလို့အပြစ်ပေးသလိုဆက်ဆံထားရတာလဲ။
“ခါတိုင်းလိုပဲမှတ်လား”
မှိုင်းမောင်ကမေးတော့သူကြီးက...
“ဒီတစ်ခါသတို့သမီးကဒီရွာသတို့သားကဟိုဘက်သတို့သားဆိုတော့ နှစ်ရွာလုံးလာကြမှာဒီတော့ နေရာတွေကျယ်ကျယ်လိုတယ် အဲ့ကြောင့် သူကြီးအိမ်ဘက်ထိရောက်လိမ့်မယ် ”
အိပုံကသူကြီးအိမ်မျက်နှာချင်းဆိုင်စောင်းဘေးနားကအိမ်ငယ်လေးကဖြစ်တယ်ဆက်ဆံရေးကောင်းတဲ့မိသားစုမို့တစ်ရွာလုံးကခင်ကြသေးသည်။မင်္ဂလာပွဲကခါတိုင်းထက်လူပိုစည်လောက်ပြီထင်၏။
“ကျုပ်တို့ဘက်ရောက်လဲအဆင်ပြေပါတယ် ”
“ဒါဆိုလဲမနက်ဖြန်လောက်ကျုပ်တို့ လိုအပ်တာတွေလုပ်ပေးဖို့ထပ်လာကြတာပေါ့ ”
“ကောင်းပြီ ”
မှိုင်းမောင်တို့အားလုံး နှုတ်ဆက်ကာအိမ်ပြန်လာခဲ့ကြတော့သည်။အပေါ်ထက်က သူရင်းနှီးနေတဲ့အခန်းကတော့ တိတ်ဆိတ်နေလျက်။
***********
“တိမ်ရောင်ချင်းရာ အိမ်ကမာမီတို့ကိုမပြောပြပါနဲ့ဆို သွားပြောလိုက်သေးတယ် ”
“ငါလဲရုတ်တရက်ထွက်ပြောလိုက်မိတာတောင်းပန်ပါတယ်ကွာ ”
“မင်းကလဲအဲ့လိုပဲ နည်းနည်းလေးအောင့်အီးမနေတက်ဘူး”
ခက်နွယ် ဆူပုတ်ပုတ်နဲ့ပြောလိုက်ပြောတိမ်ရောင်ချင်းရဲ့ရယ်သံအကျယ်ကြီး ကို ဖုန်းထဲကတစ်ဆင့်ကြားလိုက်ရသည်။
“ငါ့အကြောင်းလဲသိရက်နဲ့ကို”
“သိပါ့မင်းအကြောင်းတွေများ ”
“သိလို့တော်သေးတာပေါ့ ”
ခက်နွယ်အပေါ်တက်တော့ အမေတို့ကသူ့ဆီဖုန်းဆက်လာပြီးသူ့ကိုအိမ်ပြန်ခေါ်ဖို့ပြောနေတာကြောင့်သီတင်းကျွတ်ပိတ်ရက်မှအိမ်ခနလာမယ်ပြောလိုက်ရတာပင်။