(၃၃)Z/U
1.2K 56 2
Zawgyi
_______
"အချစ် ရေတွေတအားကြာအောင်မချိုးနဲ့ ဆိုတာကိုကွာ "
မနက်၆နာရီလောက်မှာအလုပ်ထသွားပြီးမှိုင်းမောင်က ကျောင်းသွားချိန်နားရောက်ရင်အိမ်ကိုပြန်လာကာခက်နွယ်ငိုကျောင်းလိုက ပို့ပေးတက်သည်။ မပို့နဲ့ဆိုတာကိုလဲပြောလို့မရ အတင်းအကျပ်ပြောလိုက်ရင် အပြင်မှာသူ့အပြင်ဘယ်သူထပ်ပြီးရှိနေသေးတာလဲဆိုပြီး စွပ်စွဲတက်သေးသည်။အခုလဲမနက်ကျောင်းသွားဖို့ခက်နွယ်ရေချိုးနေသည်ကို အပြင်ကနေပြီးအမြန်ချိုးဖို့အော်နေသည်။
" 'နွယ်'မောင်ဒီနာမ်စားကိုသိပ်ကြိုက်တာပဲ
မောင့်နှလုံးသားတစ်ခုလုံးကို ရစ်ပတ်ထားသလိုခံစားရလို့ "
"မောင်ကြိုက်သလိုခေါ်ပါ ငါအဆင်ပြေတယ်"
"နှစ်ယောက်တည်းရှိချိန်မှမောင်ခေါ်ပါ့မယ် "
"မောင့်သဘောပါ "
မှိုင်းမောင်ကခက်နွယ်ခေါင်းကိုသုတ်ပေးနေပြီးခက်နွယ်က လက်ကနာရီကိုသေချာပြန်ပြင်ပတ်နေသည်။
မှိုင်းမောင်တစ်ယောက်ခေါင်းသုတ်ပေးနေရင်းခက်နွယ်ရဲ့လက်ချောင်းလေးတွေကို ကြည့်ကာ
"မောင်တို့လက်ထပ်ရအောင်"
"ဟင်! "
ခက်နွယ်ကခေါင်းကိုမော့ကာမောင့်ကိုကြည့်လိုက်သည်။
"မောင်တို့လက်ထပ်ရအောင် မောင်မင်းနဲ့ပဲနေချင်တာမင်းနဲ့ပဲတစ်သက်လုံးနေမှာမင်းမျက်နှာကိုပဲကြည့်ပြီးချစ်သွားမှာ ဒါကြောင့်ကျေးဇူးပြီး ဘာမှမတွေးပဲ မောင်နဲ့ပဲ "
"ငါ.... "
"နွယ်မောင့်ရဲ့နွယ် လိမ္မာပါတယ် "
ပါးနှစ်ဖက်လုံးကိုအုပ်ကိုင်ကတောင်းပန်တဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတဲ့ သူသိပ်ချစ်တဲ့မောင့်မျက်ဝန်းတွေကိုခက်နွယ်
မကြည့်ရက်ပါ။
"ဒါပေမဲ့ "
မှိုင်းမောင်ငြင်းဖို့လုပ်နေတဲ့ခက်နွယ်ကို နဖူးပေါ်တစ်ချက်နမ်းလိုက်ပြီး
"ဒါပေမမဲ့ပါနဲ့ မောင်တို့နက်ဖြန်ပဲ မြို့တက်လက်မှတ်ထိုးရအောင် မင်္ဂလာပွဲကိုရွာမှာကောနွယ်တို့ဘက်က မိဘအိမ်မှာလုပ်ကြတာပေါ့ "