(၅)Z/U
1.3K 81 2
Zawgyi
_______
"ချောင်းကရေကအားကြီးအေးတာဗျ ကျုပ်အထင်ခင်ဗျားချိုးနိုင်မယ် မထင်လောက်ဘူး "
ခက်နွယ် ကျောင်းဆင်းချိန်သူ့အတန်းကကျောင်းသားလေးတွေကအားလုံး ချောင်းထဲရေသွားချိုးမှာမို့သူ့ကိုခေါ်နေတာပင် ရောက်လာသည့်၂ပတ်အတွင်းမှာခက်နွယ်ကလေးတွေနဲ့ အတော်ပင်ရင်းနှီးနေချေပြီ။လိမ္မာတဲ့ကလေးတွေချည်း မို့ ခက်နွယ်အတွက်ဘာအခက်အခဲမှထူးထူးခြားခြားရှိမနေ။
အခုလဲရွာကချောင်းလေးကတအားလှတာဆိုပြီးခက်နွယ်ကိုမဲဆွယ်နေသေးသည်။ရေချောင်းတွေပေါသည့်ဒေသမို့ကလေးတွေအားလုံးကလဲ ရေကူးကျွမ်းတဲ့လူတွေပင်။ ကလေးတွေနဲ့အတူလိုက်သွားဖို့လုပ်တော့ လမ်းမှာ အုံ့မှိုင်းမောင် နှင့်တွေ့ လိုက်ရသည်။ သူ့ကိုနှုတ်ဆက်လာတော့စကားပြန်ပြောပြီး ရေသွားဆော့မဲ့အကြောင်းသိသွားတော့ မသွားအောင်တားနေတာပင်
"ရောက်လာထဲကမသွားရသေးတာကို "
နှုတ်ခမ်းကိုဆူပုတ်ပြီယပြောနေတဲ့ပုံက ကျောင်းဆရာတစ်ယောက်ဆိုတာဘယ်လို ယုံကြည်ရမည်လဲ။ပြောရင်ကလဲနားကမထောင်ပေလုပ်ချင်ရာဇွတ်လုပ်နေတာပင်။ ရွာကိုကျောင်းဆရာတစ်ယောက်ရောက်လာတာလား
မှိုင်းမောင်ထိန်းရမည့်ကလေးတစ်ယောက်တိုးလာသည်လား
မပြောတက်ပေ။
"ကျုပ်ကအဲ့နားမှာ ရှိနေမှာဆိုတော့ချိုးဗျာ သို့ ပေမဲ့လူသိပ်မရှိတဲ့ဘက်ကိုတော့ချိုးဗျာနော် ကျုပ်စောင့်ပေးမယ် လူတွေများရင် ဆရာလေးနေရခက်မယ်. ဗျာ "
"ရပါတယ် အဆင်ပြေတယ် "
"အင်း"
"ရေချိုးဖို့ ပုဆိုးကောပါလား "
"မပါဘူးမှိုင်းမောင်ငါဒီတိုင်းချိုးမလို့ပြီးရင်ဒါပဲပြန်ဝတ်မလို့လေ"
"ခင်ဗျားကတော့လေ ချိုးဗျာ ဒီဘောင်းဘီရှည်နဲ့ပဲချိုးတော့နော် ကျုပ်လဲဖို့ပုဆိုးပေးမယ်ကျုပ်မယ်ပုဆိုးအပိုပါလာလို့ "
အလုပ်သွားရင်လိုရမယ်ရပါတက်တဲ့ပုဆိုးတစ်ထည်ကိုပြကာပြောလိုက်တယ်။တော်သေးတယ်ဒီနေ့အလုပ်တွေစောစောပြီးလို့စောစောအိမ်ပြန်လာရတာ မဟုတ်ရင်ဒီလူအပြင်ထွက်တာ တောင်သိမှာမဟုတ်...။