(၂၃)Z/U
1.1K 69 10
Zawgyi
_______
"ဘာပြောချင်တာလဲလှယဉ် "
ခက်နွယ်ဘေးနားလူရှိမရှိသေချာဝေ့၀ဲကြည့်လိုက်သည်။ မတော်တဆတစ်ယောက်ယောက်များကြားသွားရင် ပြသာနာ တွေဖြစ်လာလိမ့်မည်။
"ဆရာလေးခက်နွယ်ကမှိုင်းမောင်ကိုသဘောကျနေတယ်ဆိုတာ
လှယဉ်သိနေတယ်လို့ "
"ကျွန်တော်ကလား မှိုင်းမောင်ကို ဘယ်လိုလုပ်ပြီးဖြစ်နိုင် "
ခက်နွယ်ကအနည်းငယ်ပြုံးကာငြင်းဖို့ပြင်လိုက်သော်လည်း
"လှယဉ်နဲ့မှိုင်းမောင် ရည်းစားတွေဖြစ်ခါနီးအချိန်ကိုတမင်ဖျက်လိုက်ထဲက လှယဉ်ရဲ့သံသယစိတ်တွေပိုကြီးခဲ့တာ "
"မှားနေပြီဒါကမတော်တဆ ..."
"မတော်တဆ ဟုတ်ရဲ့လား မှိုင်းမောင်ပေါ်တကယ်ဘာစိတ်မှမရှိဘူးဆိုတာသေချာရဲ့လား"
"သေချာပါတယ် "
"ဒါဆိုလှယဉ်သူလက်ထပ်ခွင့်တောင်းထားတာလက်ခံလိုက်ရမလား"
"လက်ထပ်ခွင့် "
"ဟုတ်တယ်မှိုင်းမောင်က လှယဉ်ကိုလက်ထပ်ခွင့်တောင်းထားတယ်
လှယဉ်သာခေါင်းညိမ့်လိုက်ရင် သူက မိဘတွေစုံရာနဲ့ လာတောင်းလိမ့်မယ် "
လှယဉ်ကခက်နွယ်ရဲ့နောက်ကျောဘက်ကိုစူးစိုက်ကြည့်ကာပြောလိုက်သည်။အတည်ပြောနေပုံရသည့်လှယဉ်ရဲ့ စကား ကြောင့်ခက်နွယ် ခေါင်းထဲဗလာဖြစ်သွားသည်။
"မလုပ်နဲ့ မှိုင်းမောင်ကဘယ်သူနဲ့မှမယူရဘူး
ဟုတ်တယ်ငါမှိုင်းမောင်ကိုသဘောကျတယ် မဟုတ်ဘူး ကြိုက်တာ ငါသူ့ကိုချစ်တာဒါကြောင့်မို့ အ့လိုမလုပ်နဲ့ !"
ခက်နွယ်လှယဉ်ရဲ့လက်ကိုဆွဲကာတောင်းပန်နေလိုက်သည်။သူမလက်မခံဖို့ပဲလိုတာ။
"သပြေခက်နွယ် ခင်များ!! "
မှိုင်းမောင်က ကြောင်အစွာနဲ့ ရပ်နေပြီးကြားသမျှစကားကိုမယုံကြည်နိုင်ဖြစ်နေသည်။
"လှယဉ်သက်သေပြခဲ့ပြီနော် မှိုင်းမောင် "
လှယဉ်ကပြောပြီးထိုနေရာကနေထွက်သွားတော့တယ်