Zawgyi
________“မှိုင်းမောင် ဒီမှာပန်းကန်တွေလာစီ
ကူပါဦးကွာ ”“လာပြီဗျာ !”
ခုံတွေကိုအထဲသွင်းကာထည့်နေတဲ့မှိုင်းမောင်ရဲ့ ထူးသံမပီမသပင်။အလှုပွဲပြီးလို့ကျန်တဲ့ပစ္စည်းတွေကိုရွာထဲကကာလသားတွေနဲ့သိမ်းနေကြတာပင်။ရွာထဲက အလှူအိမ်တွေအတွက်ကောဘာပွဲလုပ်လုပ်အဆင်ပြေအောင် ခွက်ယောက်ပန်းကန်တွေစားပွဲတွေကောခုံတွေပါ ထားတဲ့ ရုံတစ်ခုဆောက်ထားရတယ်။ထိုရုံကိုအစကမှိုင်းမောင်အိမ်မှာဆောက်ဖို့လုပ်ပေမဲ့ ရှုပ်နေမှာစိုးတာကြောင့်အားလုံးက မြေကွင်အလွတ်တစ်ခုလုပ်ပြီးဆောက်လိုက်တာပင်ထိုရုံကို ဦးသောင်းဆိုသည့်သနားစရာကောင်းတဲ့အဘိုးအိုကိုကြည့်စေတယ်။အိမ်ခြေရာမဲ့ ဖြစ်နေသည့်ဦးသောင်းကသူတို့ရွာကိုလွန်ခဲ့တဲ့ ၅နှစ်ကရောက်လာတာဖြစ်ပြီ်းရောက်လာချိန်မှာ အ၀တ်စားတွေညစ်ပတ်ပေပွနေပြီးခန္ဓာကိုယ်ကလဲပိမ်လှီနေတာပင်။
“ဦးလေးသောင်းဒီခွက်တွေကိုကျုပ်ဖြင့်ဒီမှာမမြင်ဖူးသလိုပဲ ဘယ်အိမ်ကဟာတွေမှားပါလာတာလဲ”
မှိုင်းမောင်လက်ထဲကခွက်တွေကိုသေချာဖင်ပြန်ခေါင်းပြန်ကြည့်နေတယ်။ သူတို့ရုံထဲကခွက်တွေအားလုံးကကအမှတ်အသားလုပ်ထားပြီးတစ်ခြားခွက်တွေနဲ့မှားစရာမရှိပါ။ဒါတွေအားလုံးကအသစ်တွေဖြစ်နေပြီး တော်တော်လဲများသည်။
“ဦးလေးစိတ်ထင် ဒါစာသင်ကျောင်းမှာအသစ်ရောက်လာတဲ့ကျောင်းဆရာအသစ်လေးလာပေးတာထင်တာပဲ”
အသက်ကြီးနေတဲ့ဦးသောင်းက ခနခနမေ့တက်တဲ့လူလဲဖြစ်တယ်။
ဆရာလေးလို့ပြောလိုက်မှ အလှူလုပ်နေတဲ့တစ်ချိန်လုံးသူဆရာလေးသပြေခက်နွယ်ကိုမမြင်မိပေ။ကြည့်ရတာသူ့ကိုစိတ်ဆိုးပြီး ခွက်တွေပြန်ဝယ်ပေးထားပုံရသည်။ကျကွဲသွားတဲ့ခွက်၃၀အစား အခွက်၃၀၀တိတိပြန်ဝယ်ပေးခဲ့သည်တဲ့ တော်တော်အရွဲ့တိုက်တက်တဲ့လူ တကယ်မလွယ်တာပဲ။
မှိုင်းမောင်ခေါင်းကိုသာခါယမ်းလိုက်ပြီး
ကျန်တဲ့ခွက် ၂၇၀လုံးကိုဘေးနားကသူ့ခွက်ဖာထဲထည့်ကာ သူကြီးအိမ်ဆီလမ်းလျှောက်လာခဲ့တယ်။ကျန်တဲ့လူတွေကိုလဲ မြန်မြန်အိမ်ပြန်နားဖို့ပြောရသေးသည်။
သူကြီးအိမ်ရှေ့ရောက်တော့အိမ်ထဲကိုမျှော်ကြည့်လိုက်ရာအိမ်အောက်ကခုံပေါ်ထိုင်ကာစာအုပ်ဖတ်နေတဲ့ခက်နွယ်ကိုတွေ့လိုက်ရတယ်။
YOU ARE READING
Romanceကျုပ်ကဆရာလေးကိုသိပ်ချစ်တာဗျ.. အုံ့မှိုင်းမောင် & သပြေခက်နွယ် ကျုပ်ကဆရာလေးကိုသိပ်ချစ်တာဗျ.. အုံ့မှိုင်းမောင် & သပြေခက်နွယ် (Both Zawgyi and Uniocde) 10.5.2022~2.6.2022