(၁၁)Z/U
1.1K 67 0
Zawgyi
_______
“ဆရာလေးခက်နွယ် ”
နေ့လည်အတန်းနားနေချိန်ဆရာ/မတွေရဲ့ရုံးခန်းမှာထိုင်နေတဲ့ခက်နွယ် နောက်ကလူတစ်ယောက်ခေါ်နေတာကြောင့်လှည့်ကြည့်လိုက်တာ ကျောင်းကဆရာမတစ်ယောက်ဖြစ်နေတယ်။
“ဘာကိစ္စလဲဆရာမလေး”
ခက်နွယ်ထိုင်ခုံပေါ်ထိုင်နေရာမှထသွားပြီးဆရာမဆီသွားလိုက်တယ်။နားနေခန်းမှာဆရာမတွေအများကြီးရှိနေကြတာဖြစ်တယ်။
“မှိုင်းမောင်ရောက်လာလို့ ”
တိုးတိုးလေးပြောလိုက်သည်ဆိုပေမဲ့ ခက်နွယ် ထိုနာမည်ကိုအကျယ်ကြီးကြားလိုက်သလိုပင်။
ခက်နွယ် ထိုဆရာမလေးကိုပြုံးပြလိုက်ပြီး ကျောင်းတံခါးဝနားကစွယ်တော်ပင်အောက်ရောက်လာခဲ့တယ်။
“ဘာကိစ္စလဲမှိုင်းမောင်”
အလုပ်လုပ်နေရင်းတန်းလန်းနဲ့လာခဲ့သည်ထင်၏ပုဆိုးအောက်စနားရွှံ့တွေပေနေသေးသည်။ခမောက်ကိုလဲဆောင်းထားသေးတယ်။
“ဒီမှာဗျာအမေကကျုပ်တို့အတွက်နေ့လည်စာလာပို့တာ အမေကဆရာလေးသွားပေးပါဆိုလို့လေအဲ့ဒါကျုပ်လာပေးတာ”
လက်ထဲကချိုင့်ကိုကမ်းပေးနေရင်းမှိုင်းမောင်စကားတွေဆိုနေတော့တယ်။
“ဆရာလေး ထမင်းချိုင့်မထုတ်လာဘူးလား”
“ဟင်... အမ်... ဘာ.. ဘာလဲမှိုင်းမောင်”
မှိုင်းမောင်ပေးလာသည့်သုံးဆင့်ချိုင့်လေးကိုကိုင်ပြီးငေးနေမိတာကြောင့် မှိုင်းမောင်ဘာပြောလဲဆိုတာ ခက်နွယ်မကြားလိုက်...။
“ကျုပ်မေးတာခင်များ နေ့လည်စာပါလားလို့ ”
“အဲ့တာက... ဟို... ငါမေ့ခဲ့လို့ ”
“တော်သေးတာပေါ့ ကျုပ်လာပို့လို့ သွားတော့ဗျာ ခနနေခေါင်းလောင်းထိုးတော့မယ် ထမင်းကိုသေချာပေါက်စားဦး ”
“အင်းသွားတော့ခနနေမိုးရွာလာတော့မယ် ထင်တယ်”
မှိုင်းအုံ့နေတဲ့ ကောင်းကင်ညိုကြီးကိုကြည့်ကာခက်နွယ်မှိုင်းမောင်ကိုအမြန်ပြန်စေလိုက်တယ်။ကျောင်းဝင်းထဲမှာလဲ ကလေးတွေပြေး
ဆော့နေကြသေးသည်။ခက်နွယ်သေချာဂရုတစိုက်ဆော့ဖို့မှာပြီး ဆရာ/မ နားနေခန်းကိုထမင်းစားဖို့လာလိုက်တော့တယ်။လက်ကသုံးဆင့်ချိုင့်လေးကို တင်းကျပ်စွာကိုင်ရင်းအပြုံးတွေထွက်ပေါ်လာခဲ့တယ်။