(၂၀)Z/U
1.2K 61 12
Zawgyi
_______
“နာတာသက်သာပြီလား”
“အင်း”
ခက်နွယ်ကခုံပေါ်ထိုင်နေပြီး ခြေတောက်ကပတ်တီးစီးထားရသည်။ခြေတောက်ကထင်ထားတာထက်ပိုဖြစ်သွားတော့ မှိုင်းမောင်ကဆိုင်ကယ်နဲ့ ရွာဆေးခန်းလိုက်ပို့ပေးခဲ့ရသည်။
“လှယဉ်တော့မင်းကိုစိတ်ဆိုးနေတော့မှာပဲ ”
“ဒါကသိပ်ပြီးလဲအရေးမကြီးပါဘူး
ခင်များနေလို့ကောင်းရဲ့လား ”
“အင်း ”
“အိမ်ပြန်မှာဆိုဒီကျောင်းပိတ်ရက်ကို ”
"ဟုတ်တယ်”
“ဘယ်သူလာကြိုမှာလဲ ”
“သူငယ်ချင်း”
“ခင်ဗျားနေလို့နည်းနည်းအဆင်ပြေမှပြန်ပါလေ မနက်ဖြန်လောက်ဆိုလမ်းနည်းနည်းလျှောက်ရပြီထင်တယ်”
“အင်း”
နောက်တစ်ရက်တော့မှိုင်းမောင်ကိုယ်တိုင်ရွာထိပ်ကိုဆိုင်ကိုင်နဲ့ လိုက်ပို့တော့တယ်။သူကြီးတို့လင်မယားကော မှိုင်းမောင်တို့ မိသားစုကော ကျောင်းက
ကလေးတွေရဲ့မိဘတွေကပါလက်ဆောင်တွေထည့်ပေးလာသည်မို့ ခက်နွယ်လက်ထဲအထုတ်တွေများနေသည်။ဒါတောင်ငြင်းမရတာမို့ နည်းနည်းဆီသာယူခဲ့တာဖြစ်သည်။
“မှိုင်းမောင် ”
“ဟုတ်ကဲ့ ”
ခက်နွယ်တို့ဆိုင်ကယ်ကိုရပ်ထားကာကားလာအကြိုကိုစောင့်နေလိုက်သည်။လမ်းကကြမ်းသည်မို့ ရောက်လာကြာတာဖြစ်မည်။
ခက်နွယ်မှိုင်းမောင်ကိုဖက်လိုက်တော့ မှိုင်းမောင်ရဲ့ကိုယ်ရုတ်တရက်တောင့်တင်းသွားတာသူသတိထားမိသည်။
“မင်းလှယဉ်နဲ့အဆင်ပြေပါစေ
ငါတော့မင်းကိုလွမ်းနေတော့မှာပဲ အာငါပြောချင်တာမင်းတို့တစ်ရွာလုံးကိုပေါ့ ”
မှိုင်းမောင်ကကလေးဆန်နေတဲ့ သူ့ ကျောင်းဆရာလေးကို ပြန်ဖက်လိုက်ပြီး
“ကျုပ်လဲခင်များကိုလွမ်းနေတော့မှပဲဗျာ ခင်များမရှိတော့ ရွာမှာပေါက်တက်ကရတွေလုပ်မဲ့လူမရှိတော့ဘူးလေ ”