Unicode
'' ခင်ဗျားတို့က နှစ်ယောက်ထဲ ဘာလုပ်နေတာလဲ "
ခုထက်ထိ သိချင်စိတ်မပြေသေးတဲ့ ဖိုးမူ၏မေးခွန်းကြောင့် ကျော်လွင်ကပါ " ခုချက်ချင်းဖြေ '' သည့် အကြည့်ဖြင့်ကြည့်နေလေသည် ။ ထိုမေးခွန်း၏ အရှိန်အဝါကြောင့် ခက်ရောင်ခြည်ဆိုသည့် ကောင်လေး၏ မျက်နှာအစိတ်အပိုင်းများဟာ တစ်စတစ်စ ပန်းရောင်သန်းလို့လာလေပြီ ။ မင်းဓနရှိန်ကတော့ ဘေးနားက ကြွေရုပ်လေးကို ငေးကာကြည့်လိုက် မိမိ၏ ဂုတ်ပိုးကို ပွတ်သပ်နေလိုက်နှင့်အလုပ်များလို့နေလေသည် ။ အရှေ့က သိချင်စိတ်ပြင်းပြလို့နေသည့် ဆရာသမားများ၏ မျက်ဝန်းက အရောင်တလက်လက် ဖြစ်နေသောကြောင့် မနေနိုင်တော့သည့် မင်းဓနရှိန်ကပဲ စတင်ပြီး
'' ကျုပ်တို့က အရွယ်ရောက်ပြီးသားတွေလဲ ။ ခလေးတွေမှမဟုတ်တော့တာ ။ ဘယ်ပဲသွားသွားပေါ့ ရွာသူကြီးထံမှာ အစီရင်ခံစာသွားရေးရမှာလား ''
မိမိမေးလိုက်သည့်မေးခွန်းမှာ တကြောင်းထဲ ဖြစ်ပေမယ့် ပြန်ဖြေလာသည့် တရစပ်အဖြေများကြောင့် ဖိုးမူခမျာ အံ့သြချိန်တောင်မရလိုက် ။ ကျော်လွင်ကတော့ အကြောင်းသိသူတစ်ဦးဖြစ်သည်ကြောင့် ခပ်ပြုံးပြုံးနှင့်ရပ်နေလေတော့ ဖိုးမူက သူ့ကိုလှောင်သည်အထင်နဲ့ ခြေဖမိုးကို တက်နင်းချလိုက်တာများ ရက်ရက်စက်စက် ။
ကျော်လွင့်၏ အော်သံနှင့်အတူ ဘေးမှာရှိသည့်လူတွေကလည်း မျက်လုံးပြူးသွားလေသည် ။ သို့ပေတည်း ကျော်လွင်ကငြိမ်ခံသည့်အမျိုးအစားထဲက မဟုတ်လေဘဲ ခြေဖျားထောက်ကာ
ဖိုးမူ၏ ဆံသားအစုံကို သူ၏ လက်ဖဝါးနှင့်သာ ပယ်ပယ်နယ်နယ် ဆွဲဆောင့်လိုက်သည်ဖြစ်လေသည် ။ပြဿနာရှင်းဖို့ရောက်လာခဲ့သည့် သူနှစ်ယောက်လည်း အရှေ့မှာရှိသည့် လူနှစ်ယောက်၏ ပြူမှုပုံတွေကို ကြည့်ရင်း ရယ်ရခက် ငိုရခက်ဖြစ်လို့နေလေသည် ။ အရှေ့က နှစ်ယောက်၏ သတ်ကွင်းထဲရောက်နေသည့်အတွက် မင်းဓနရှိန်လည်း ခက်ရောင်ခြည်၏ အရှေ့မှ တကာကာ လုပ်လို့နေပေသည် ။ နောက်ဆုံး ဘယ်လိုမှမရတော့သည့်အဆုံး မင်းဓနရှိန်က တယောက်ဆံပင် တယောက် ဆွဲနေသည့်နှစ်ယောက်ကြားကို ဝင်လိုက်သည့်အခါမှ ထိုနှစ်ယောက်ကလည်း အူကြောင်ကြောင်ဖြင့် မင်းဓနရှိန်ကို မော့ကြည့်ကြရှာသည် ။ ဆံပင်ဆွဲဆောင့်ထားသည့်အရှိန်ကြောင့် နှစ်ဦးစလုံး၏ မျက်နှာဟာ ရဲရဲနီလို့နေပေသည် ။ မင်းဓနရှိန်တစ်ယောက် အလယ်က ဝင်လာမှူကြောင့် ကျော်လွင့်ခမျာ ပြန်ပြောလိုက်ချင်ပေမယ့် ဆရာသမား၏ တည်တင်းနေသော မျက်နှာထားကို ကြောက်ရွံ့သောကြောင့် ဘာမှမပြောရဲပေ ။

ŞİMDİ OKUDUĞUN
စိန်ပန်းနီနီ မောင့်ကိုတည် (Completed)
Romantizmမင်းဓနရှိန် + ခက်ရောင်ခြည် မိဘမေတ္တာကို သိပ်တောင့်တနေတဲ့ သူဋ္ဌေးသားလေး " မင်းဓနရှိန် '' ဆိုသူဟာ စိတ်ဒဏ်ရာတွေ ရှိခဲ့တဲ့ သူကြီးသား " ခက်ရောင်ခြည် '' ဆိုသည့် ကောင်လေး၏ ဘဝထဲကို ဇွတ်တရွတ်ဝင်လာလေသောအခါ 2/2/2022 ( Starts) Written By Both Fonts