Part - 18 (Z+U)

8.8K 1.3K 38
                                    

🍼ပထမနေ့ကထက် ပိုမြန်တယ်? ( Uni )

"ဟေးညီအစ်ကို ၊ မင်း အင်္ကျီတွေဘာဖြစ်သွားတာလဲ?"

ဖိန်ချိုးတစ်ယောက် အိပ်ခန်းကနေ ရေချိုးခန်းဆီလျှောက်လာပြီးနောက် ရေချိုးခန်းကနေလသာဆောင်ဆီ လျှောက်ထွက်လာခဲ့တယ်။
"အဝတ်တောင်းကရော? အားလုံး ဘယ်ရောက်ကုန်ကြတာလဲ?"

သူ မနေ့က ဘတ်စကက်ဘောပွဲမှာ ဟယ်ကျိုးကို ရှုံးခဲ့ပြီး ရှုံးသူက အနိုင်ရသူရဲ့ အဝတ်အစားတွေကို တစ်ပတ်လောက် လျှော်ပေးရမှာ ဖြစ်တယ်။ ယနေ့က ပထမဆုံးနေ့ဖြစ်သော်လည်း ဟယ်ကျိုးရဲ့အဝတ်အစားများနှင့် အဝတ်တောင်းတစ်ခုလုံး ပျောက်ဆုံးလို့နေတယ်။

ဖိန်ချိုး ပတ်ပတ်လည်ကို လိုက်ရှာကြည့်ခဲ့သော်လည်း ဘာမှမတွေ့ ခဲ့ပေ ။ သူ အိပ်ခန်းထဲပြန်ဝင်လာကာ ဟယ်ကျိုးကို အလွန်ကိုမှ ကျေးဇူးတင်နေသောအကြည့်နဲ့ကြည့်ရင်း :

"ညီအစ်ကို၊ မင်းငါ့အ‌ပေါ် အရမ်းကောင်းတာဘဲ။မင်း ငါ့ကို အဝတ်တွေအများကြီးလျှော်ခိုင်းဖို့ ဝန်လေးနေမယ်ဆိုတာ ငါသိတာပေါ့"

ဟယ်ကျိုးက သူ့ကိုမျက်စောင်းထိုးကာ ကြည့်လာပြီး : "ဘာတွေလျှောက်တွေးနေတာလဲ? ငါ့အဝတ်တွေကို ဒီနေ့ တစ်ယောက်ယောက်က မင်းထက်စောပြီးယူသွားလို့"

ဖိန်ချိုး တောင့်တင်းသွားခဲ့တယ်။ "ဘယ်သူလဲ၊အာ? အဝတ်လျှော်ရတဲ့ ပစ်ဒဏ်ကိုခံယူချင်နေတဲ့သူ ရှိတယ်ပေါ့လေ?"

ဟယ်ကျိုးက ကွန်ပျူတာဆီကနေ အကြည့်ခွာပြီး သူ့ကိုကြည့်လာကာ၊ သူ့ရဲ့နှုတ်ခမ်းထောင့်‌တွေကို ပင့်တင်လိုက်ပြီး စကားနှစ်လုံးပြောလာခဲ့တယ်။
"ချိ ယွီ"

"သူ?"

ဖိန်ချိုးရဲ့ခေါင်းထဲမှာ question markအပြည့်ဖြစ်သွားပြီး ၊ သူ ဟယ်ကျိုးကို မေးခွန်းသုံးခု တစ်ဆက်တည်းမေးလိုက်မိတယ်။"ငါတစ်ခုခု လွဲသွားသေးလား? မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဘယ်အချိန်တုန်းကဒီလောက်ထိ တိုးတက်သွားကြတာတုန်း? ဘာလို့ ငါကျမသိရတာလဲ?"

ဟယ်ကျိုးက မျက်ခုံးပင့်ပြလာကာ သူ့မျက်လုံးအစုံက ရှားပါးတဲ့ အရောင်အသွေးတို့ဖြင့် တောက်ပလို့နေတယ်။

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gpWhere stories live. Discover now