Song Recommendation::
That Should Be Me - Justin Bieber한유진 & 김규빈
___________________________
အပြုံး ...... ကြင်နာခြင်း ......
သစ္စာ ...... နောက်ဆုံး သံယောဇဉ် ....
ဒီအချက် လေးချက်နဲ့အတူ
တည်ဆောက်တော့မယ့် အိမ်ထောင်
တစ်ခု .... လတ်တလောမှာတော့
အလှပဆုံးအမျိုးသမီးငယ်လေး
က တစ်ခမ်းတစ်နား ဂါဝန်ဖြူဖြူ
နဲ့အတူ ဖခင်ဖြစ်သူလက်ပေါ် ထပ်
တူကျရင်း နောက်ထပ်သော
ခြေလှမ်းပေါင်း ဆယ်လှမ်းခန့်
လှမ်းတာနဲ့ ဆိုက်မြိုက်တော့မည့်
သတို့သားထံ လျှောက်လို့လာ
ခဲ့သည် ။ဂုဏ်သေရရှိ အသိုင်းအဝိုင်း
အဆင့်အတန်း မျိုးရိုးချင်းတူညီ
တဲ့ လူနှစ်ဦးပေါင်းစပ်ခြင်း
မင်္ဂလာပွဲမှ မစည်းကားရင် ဘယ်
အရာကများ စည်းကားနိုင်အုံးမှာ
လဲ ..... ၄ နှစ်တာ တည်ဆောက်
ထားတဲ့ သံယောဇဉ်ကြိုးလေး
အရာထင်တော့မဲ့ ယခုလို အချိန်
မျိုးမှာမှ မပျော်ရရင်ရော ဘယ်
အချိန် ပျော်နိုင်အုံးမှာလဲ ။တစ်လှမ်းချင်းလှမ်းလာတဲ့
အမျိုးသမီး ...... အမည်က
ဟန်ဆယ်ဂျင်း ..... တက္ကသိုလ်တူ
မေဂျာတူ ..... ကျောင်းတက်ထဲက
အများဝိုင်းသဘောတူကြတဲ့
သူတို့နှစ်ယောက်ဟာ နတ်ဖက်
တဲဖူးစာ လို့ပြောရင်လည်း မမှား
နိုင်ဘူး ။ဝဲတက်လာတဲ့မျက်ရည်တွေကို
ဘေးဖယ်ရင်း ထိုသတို့သမီး
ငယ်လေး သူ့လက်မောင်းထက်
လက်ချိတ်လာသည် အထိစောင့်
ဆိုင်းနေမိသည် ...... ' ဦးသမီးကို
တစ်သက်တာ ယုံယုံကြည်ကြည်
အပ်နှင်းပါတယ်နော် ' ဆိုတဲ့
သဘောမျိုးနှင့် အနွေးထွေးဆုံး
ပြုံးပြလာတဲ့ ယောက္ခမဖြစ်သူ .. ။ရာကျော်လောက်ရှိမဲ့ ပွဲတက်
ပရိသတ်အလယ်မှာ ကတိကဝတ်
ပြုရင်း မင်းကိုစောင့်ရှောက်မယ်
ဆိုတဲ့ အတွေး ...... ဆယ်ဂျင်းက
လှလှပပလေးပြုံးရင်း သူ့လက်
များကို နွေးနွေးထွေးထွေးလေး
ဆုပ်ကိုင်လာခဲ့သည် ။' ကိုယ်တို့ အရာရာကိုကျော်လွှား
နိုင်ပါပြီ 'ဆယ်ဂျင်းက မျက်ရည်တွေကြား
ထဲက ပြုံးသည် ၊ ဒီလိုနေ့ ... ဒီလို
အချိန်ရောက်ဖို့ သူရော ဆယ်ဂျင်း
တင်မက နှစ်ဖက်မိသားစုအပျက်
ပျက်နှင့် သွေးထွက်ခဲ့ရသည်က
များသည် ၊ ခက်ခဲသည်ဆိုတာ
ထက်ကိုပိုတဲ့ အကြီးမားဆုံး
အနှောင့်အယှက်ကြီး တစ်ခုက
လွန်ခဲ့တဲ့ ၄နှစ်ကမှ စတင်ခဲ့
သည်လေ ။
YOU ARE READING
『 𝗕𝗼𝗻𝗱 』
FanfictionImmersing in bonds can be the most scary thing in life. But ..... We totally immersed!