Candy Lying

633 91 19
                                    

Song recommendation:: Westlife-My Love

_________________________

' ကျွန်တော်ဒဲ့ပဲမေးတော့မယ် .... ဗင်း
နောက်ကွယ်မှာ ဘာရှိနေတာလဲ '

ပါးပြင်ပေါ်က လျှောကျတော့မည့်
ဂယူဗင်းလက်တွေအား တစ်ဖန်ဖမ်းဆုပ်
လာတဲ့ လက်ဖြူဖြူလေးတွေတွင် အား,
ပါ​၏ ၊ လွတ်ထွက်မသွားအောင် ခပ်တင်း
တင်းဆုပ်ကိုင်ထားတဲ့ ထိုလက်ချောင်း
တွေက ဂယူဗင်းဘက်မှ ဖြေလာမည့်
အဖြေကို သိလိုစိတ်ပြင်းပြသည့်
သဘောကိုဆောင်သည် ။

ဖြတ်ပြေးသွားတဲ့ ဗင်းမျက်လုံးတွေကို
အမိအရဖမ်းရင်း အဖြေရှာမိပေမဲ့
ယူဂျင်း စိတ်တိုင်းမကျမှုများကိုသာ ခံစား
လိုက်ရသည် ၊ ဗင်းဟာ သူ့ကိုပြုံးပြလာခဲ့
ပါ​၏ ။

' လူ့ဘဝက လက်တွေ့ဆန်တယ် .... ရုပ်ရှင်
ကားတွေထဲကလိုတော့ မဟုတ်ဘူး ..... ကိုယ်
မင်းကိုမရွေးချယ်ဘူးဆိုတာ ကိုယ့်ဆန္ဒနဲ့
ကိုယ့်သဘောအတိုင်း လျှောက်လှမ်းချင်
ရုံပဲမလို့ '

ဗင်းက သူဒဲ့တိုးဆန်သည်ထက်ကို ပိုပါ
သည် ၊ လူတစ်ယောက်ရဲ့ နှလုံးအိမ်တစ်ခု
ကို ဘယ်လိုဆုပ်ချေပစ်ရမလဲ ကောင်း
ကောင်းသိသည့် ကောင်လေး ၊ မချစ်ရင်
မချစ်ကြောင်းကို ရူးသွားလောက်အောင်
ဒဲ့ငြင်းတတ်ပြီး .... နားလည်ရခက်တဲ့
အခြေအနေမျိုးတွေမှာလည်း သူ့ကိုရင်ခုန်
စေသည့် လိပ်ပြာငယ်လေး တစ်ကောင်
လိုဖြစ်တတ်ပြန်သေးသည် ။

' ဗင်းမချစ်သလို ကျွန်တော်လည်းဗင်းကို
မချစ်ဘူး ... ရူးရုံပဲရူးတာ '

ဒါဟာ ဟန်ယူဂျင်းရဲ့ မာနတစ်ခု သက်သက်
ပဲဖြစ်ကြောင်းကိုတော့ ဗင်းခံစားမိပါစေ ။
_________________________

ဟူး ခနဲလေပူတစ်ချက်မှုတ်ရင်း ခြေပစ်
လက်ပစ်ကိုပါပဲ .. ယူဂျင်းရုံးခန်းထဲက ဆိုဖာ
ပေါ်လှဲချမိသည် ၊ Kevကိုလည်း Showroom
ကိုလာစရာမလိုတော့ကြောင်း မက်ဆေ့ချ်
ပို့ဖို့ ဖုန်းကိုဟိုစမ်းဒီစမ်း ရှာနေပေမဲ့ ကား
ပေါ်တွင်ကျန်ခဲ့သည် ဖြစ်ကြောင်းယူဂျင်း
သိလိုက်ရသည် ၊ စိတ်ကပင်ပန်းလို့
နေ့ခင်းနေ့လည်ကြီးတောင် မလှုပ်ချင်တော့
တဲ့ ယူဂျင်းက ဖုန်းကိုကားထဲ သွားပြန်ယူ
ဖို့လည်း စိတ်ကူးမရှိတော့ ။

『 𝗕𝗼𝗻𝗱 』Where stories live. Discover now