Red sky

639 87 6
                                    

လွန်ခဲ့သောလေးနှစ်ခန့် ***

' ယူဂျင်း !ဒီတစ်ခေါက်တော့ မင်းနောက်
မလိုက်နိုင်တော့ဘူး သွားချင်ရင်ကိုယ့်ဖာ
သာ သွားချောင်း '

Kev​၏အော်သံဟာ အတန်းတစ်ခုလုံး
ထိပျံ့နှံ့သွားတဲ့အခါ ယူဂျင်းမျက်နှာ
မဲ့ပစ်မိသည် ၊ ယူဂျင်းဘော်ဒါတွေက
မကောင်းတဲ့နေရာဆို တက်ညီလက်ညီ
လုပ်ဖို့ အတိုင်အဖောက်ညီပေမဲ့ ဒီလို
ခခယယ အကူအညီတောင်းရသည့် ကိစ္စ
မျိုးတွင်တော့ နည်းနည်းလေးတောင်
အသုံးမဝင်ချေ ။

ယူဂျင်းမှာ Kevကိုထွေထွေထူးထူး ခိုင်း
သည်မျိုးတောင်မရှိဘဲ ဒီတိုင်းလေး
လူတစ်ယောက်ဆီသွားဖို့ အဖော်ခေါ်ရုံလေး
ပါ ၊ ပြာပြာသလဲ ငြင်းဆန်ရလောက်သည်
ထိဆို ယူဂျင်းလည်းစိတ်ပျက်ပါသည် ။

Kevကိုပင်ဘာမှမပြောတော့ဘဲ ယူဂျင်း
လွယ်အိတ်ကို ကောက်ဆွဲကာ အတန်းထဲ
မှ ဆောင့်ကြီးအောင့်ကြီး ထွက်လာမိခဲ့
သည်က ပန်းကလေးတွေထက် နူးညံ့စွာ
ဖြစ်တည်တတ်တဲ့ ပန်းချီဆရာတွေစုဝေး
ရာ ကလပ်ဆီ ။

ယူဂျင်းခြေလှမ်းတွေသည် ခပ်မြန်မြန်
လျှောက်လာခဲ့ရာကနေ ပန်းချီကလပ်
နားရောက်သည့်အခါ ဖိနပ်သံလေးပင်
မကြားရအောင် တိတ်ဆိတ်လို့သွားခဲ့
ပါ​၏ ၊ လိုက်ကာဖြူဖြူလေးသာ
ခြားထားတဲ့ အခန်းလေးအနား ဖြတ်လျှောက်
ရင်း အထဲသို့ကဲကြည့်လေတော့ ယူဂျင်း
သိပ်သဘောကျရသည့် လူသားဟာ ဆေး
စုတ်တံလေးကို ကိုင်လို့ထားပါရဲ့ ။

' လှလိုက်တာ '

လိုက်ကာစ ပါးပါးလေးကို ဆွဲဖယ်ရင်း
ထိုလူသားရှိရာသို့ လျှောက်လာချိန်
စုတ်တံတွေကိုင်ထားတဲ့ လက်တွေဟာလည်း
ရပ်တန့်လို့ ၊ သူ့ဆီလှမ်းကြည့်လာတဲ့
အကြည့်တွေဟာ မလိုကြည့်တွေ ကပ်ပါနေ
ခဲ့သည့်တိုင် ယူဂျင်းဟာအပြုံးမပျက်သေး ၊
သူ့ကိုမြင်သည်နှင့် ထမထွက်သွားရုံတမယ်
ခါးသီးသည့် ထိုလူသားက ယူဂျင်းဘက်က
စိတ်ဝင်စားခြင်းခံရသည်ကို မနှစ်သက်
သည့်ပုံ ။

စကားတစ်ခွန်းမှဟမလာတဲ့ ထိုလူသား
ဘေးဝင်ထိုင်ရင်း တစ်စက်နှစ်စက်သော
ဆေးစက်တွေပေရာ အဖြူရောင်ပိတ်ကား
ငယ်လေးကို ယူဂျင်းမေးငေါ့ပြသည် ၊
သဘောက ဆက်ဆွဲပါပေါ့လေ ။

『 𝗕𝗼𝗻𝗱 』Where stories live. Discover now