Back To December

1.2K 116 18
                                    


ကျိန်းစက်စက် မျက်လုံးတွေက ဖြာကျ
နေတဲ့ နေရောင်ဖျော့ဖျော့ အောက်တောင်
ခံနိုင်ရည် ရှိမနေသည့်ပုံ ၊ ဖွင့်ဖို့ မနည်း
အားယူပြီး ကြိုးစားရာတွင် လက်လေးနဲ့
တော့ အသာလေးပွတ်ပစ်မိခဲ့သည် ၊
တစ်ဖက်ထဲရဲ့ ဖိအားတစ်ခုက ဘယ်လောက်
ပြင်းထန်လေသလဲ ..... ယူဂျင်းခေါင်းလှဲ
ထားရာ သူ​၏လက်မောင်း တစ်ဖက်ကဖြင့်
အကြောပင်တင်နေခဲ့ပြီ ။

လှုပ်လိုက်လို့ နိုးသွားလျှင် အိပ်ရေးပျက်
မည်စိုးတဲ့ စိတ်လေးကြောင့် ညလယ်
နိုးတစ်ချက် မနိုးတစ်ချက်ထဲက ဗင်းမှာ
အနေအထား မပြောင်းခဲ့ရပေ ။

ယခုအခါတော့ သူ့ဟာသူ လှိမ့်သွားတဲ့
ခေါင်းလေးကြောင့် ဗင်းအသက်ရှူချောင်
ရတော့သည် ၊ ကျောင်းပိတ်ရက်ကလေး
ဖြစ်သည်မို့ အိပ်ပါစေဆိုတဲ့ စိတ်ကလေး
နဲ့ပဲ ဗင်းမွေ့ရာပေါ်က သာသာလေး ခြေချ
ရသည် ။

အေးချမ်းတဲ့ ပုံရိပ်ကလေးက နေ့သစ်တစ်ခု
ရဲ့ ရောင်ခြည်တန်းလေးလိုပဲ ၊ ဝင်သက်
ထွက်သက်မှန်နေတဲ့ အသက်ရှူသံလေးထိ
အသဲယားစရာ ကောင်းနေတာတော့ ဗင်း
လည်း အဖြေမရှာနိုင်ပေ ၊ ဟန်ယူဂျင်း
ဖြစ်နေလို့ မြတ်မြတ်နိုးနိုး ချစ်ရသည်ပဲ ဗင်း
သိသည် ။

ဘီယာအစွမ်းတော့ မဆိုချင်ပါ .... ယူဂျင်း
လို အမြဲတစေ ခွက်နဲ့လက်မပြတ်တဲ့
ကောင်လေးက တစ်ဗူးထဲသော ဘီယာနဲ့
ကားပေါ်မှာထဲက အိပ်ပျော်သွားရသည်
ဆိုသော အကြောင်းပြချက်ကတော့ ယုတ်တိ
မရှိ ..... ဒီတိုင်း ကိုယ့်ကလေးငယ်က ပင်ပန်း
နေခဲ့တာပါ ။

ကလေးငယ်အား စိတ်ရော လူရောထိ
ပျော်ရွှင်မှုပေးမယ် ဆိုသော ဆုံးဖြတ်ချက်
တစ်ခုနဲ့ မနက်ခင်းနိုးထရတာ ဒီလောက်ထိမှ
ခမ်းနားစရာ ကောင်းခဲ့လျှင် ဗင်းဟာ ဒယ်ဒီ့
တားမြစ်ချက်တွေကို ထိုနေ့ထဲက ရဲရဲဝံ့ဝံ့
တွန်းလှန် ပစ်ခဲ့လိမ့်မည် ၊ သူရဲဘောကြောင်မိ
တဲ့ ခပ်ချော်ချော် အတွေးတစ်ခုက ထိုစဉ်
ကာလတွေမှာတော့ အတော်လေးမှာ
မရင့်ကျက် လိုက်လေခြင်းပင် ။

အပြန်လမ်းတစ်လျှောက်လုံး ခေါင်းငိုက်
ကျလာတဲ့ ယူဂျင်းကို ဗင်းမနှိုးရက်ခဲ့ .....
ဘယ်ကိုပြန်ပို့ရမှန်း မသိတဲ့ ဗင်းဟာ
ယူဂျင်းအိမ်ကို မပို့သင့်မှန်းတော့ သိပါသည်
၊ အတတ်နိုင်ဆုံးတော့ ယူဂျင်းနှင့် ဆယ်ဂျင်း
ကို မျက်နှာချင်းဆိုင် ပေးမတွေ့တာပဲ
ကောင်းမည် မဟုတ်ပေလား ။

『 𝗕𝗼𝗻𝗱 』Where stories live. Discover now