Keyboardတွေပေါ်ပြေးလွှားနေရသည့်
လက်တွေဟာ ယခုဆိုရင်ဖြင့် ၂နာရီဆက်
တိုက်ပင်ရှိနေခဲ့ပြီ ၊ ယနေ့မှ ကော်ဖီရောင်
ရှပ်ကို ရွေးဝတ်ခဲ့တဲ့သူက ကုမ္ပဏီထဲခြေချ
ချချင်းမှာတင် ဝန်ထမ်းအုပ်စုတစ်ခုလုံး၏
မနက်ခင်းအာရုံကို ဖမ်းစားစေလျက် ။တော်ရုံဆို ကုဒ်မဝတ်တတ်တဲ့သူက အရေး
ကြီး meetingတွေရှိမှသာ ထိုကုတ်ကို
ကောက်ခြုံတတ်သည် ၊ သာမန်အချိန်
တွေဆို လက်တစ်ကောက်ကွေးကို ချိတ်
တင်ထားတဲ့ ဗင်းဟာ ယနေ့မှ ထူးထူးခြား
ခြား ခန့်ညားလို့နေခဲ့သည်ပုံပါလေ ။အိမ်ယာမြေကွက် ကုမ္ပဏီ၏ အမ်ဒီရာထူး
နေရာတွင် တာဝန်ယူထားတဲ့ ကင်မ်မျိုးရဲ့
တစ်ဦးတည်းသော သားသည် လုပ်ရည်
ကိုင်ရည် ပိရိလွန်းလို့ အောက်ခြေကအစ
အထက်လူကြီးအဆုံး လူတိုင်းရဲ့ အထင်ကြီး
စရာပုဂ္ဂိုလ် တစ်ယောက် ဖြစ်နေခဲ့သည်
ဆိုလျှင်လည်းမမှားနိုင် ၊ အရပ်စကားပြော
ရလျှင် Role Model ။အလုပ်အချိန်ဆို ဖုန်းတွေပါ ပိတ်ထားတတ်
တဲ့ ဂယူဗင်းဟာဒီနေ့မှ အမှတ်မထင်ဖုန်းဖွင့်
ထားခဲ့ပါ၏ ၊ နေ့လည်ပိုင်းရောက်တာနဲ့
ဆယ်ဂျင်းကို ဝင်ခေါ်ပြီး ဆိုင်ကောင်း
ကောင်းလေးတွင် လိုက်ကျွေးဖို့ ဂယူဗင်း
စဉ်းစားမိ၍ ဖုန်းလေးကောက်ကိုင်မိသည် ။ညောင်းညာလာတဲ့ လက်ချောင်းတွေကို
အချင်းချင်းယှက်ကာ ဆန့်လိုက်ရင်း
messageလေးတစ်စောင် ဆယ်ဂျင်းဆီပို့
ဖို့ရည်ရွယ်ခဲ့ပါ၏ ၊ မပို့ဖြစ်လိုက်သည်က
screenပေါ်ဖြတ်ဝင်လာတဲ့ ရင်းရင်းနှီးနှီး
နံပါတ်တစ်ခုကြောင့်ပင် ။ဂယူဗင်း ကျစ်စုပ်လိုက်ရင်း ဖုန်းကို
စားပွဲပေါ်မှောက်ချမိပါရဲ့ ၊ အလုပ်လုပ်
တိုင်း သူဟာဖုန်းပိတ်ထားတတ်တဲ့
အကျင့်ရှိမှန်းသိလို့ ယောင်လို့ပင်ဖုန်းဆက်
မလာတတ်တဲ့ ကောင်လေးကဒီနေ့မှ
တိုက်တိုက်ဆိုင်ဆိုင် ခေါ်ဆိုလာခဲ့သည်လေ ။ဖုန်းမှောက်ထားခဲ့သည်တိုင် တဗြည်ဗြည်
မြည်နေတဲ့ Vibrateသံက ဂယူဗင်း
အာရုံတွေကို လွင့်ပျံစေသည် ၊ ဖုန်းမပိတ်
ထားမိတဲ့ ကိုယ့်ကိုယ်သာ ကျိန်ဆဲပစ်
လိုက်ချင်ပေမဲ့ မကိုင်စတမ်းခေါ်နေမည့်
ဖုန်းကို မတတ်သာသည့်အဆုံး လက်ခံပေး
လိုက်ရတော့သည် ။
YOU ARE READING
『 𝗕𝗼𝗻𝗱 』
FanfictionImmersing in bonds can be the most scary thing in life. But ..... We totally immersed!