Indistinct

2.3K 133 2
                                    


Song Recommendation::
That Should Be Me - Justin Bieber

한유진 & 김규빈

___________________________

အပြုံး ...... ကြင်နာခြင်း ......
သစ္စာ ...... နောက်ဆုံး သံယောဇဉ် ....
ဒီအချက် လေးချက်နဲ့အတူ
တည်ဆောက်တော့မယ့် အိမ်ထောင်
တစ်ခု .... လတ်တလောမှာတော့
အလှပဆုံးအမျိုးသမီးငယ်လေး
က တစ်ခမ်းတစ်နား ဂါဝန်ဖြူဖြူ
နဲ့အတူ ဖခင်ဖြစ်သူလက်ပေါ် ထပ်
တူကျရင်း ‌နောက်ထပ်သော
ခြေလှမ်းပေါင်း ဆယ်လှမ်းခန့်
လှမ်းတာနဲ့ ဆိုက်မြိုက်တော့မည့်
သတို့သားထံ လျှောက်လို့လာ
ခဲ့သည် ။

ဂုဏ်သေရရှိ အသိုင်းအဝိုင်း
အဆင့်အတန်း မျိုးရိုးချင်းတူညီ
တဲ့ လူနှစ်ဦးပေါင်းစပ်ခြင်း
မင်္ဂလာပွဲမှ မစည်းကားရင် ဘယ်
အရာကများ စည်းကားနိုင်အုံးမှာ
လဲ ..... ၄ နှစ်တာ တည်ဆောက်
ထားတဲ့ သံယောဇဉ်ကြိုးလေး
အရာထင်တော့မဲ့ ယခုလို အချိန်
မျိုးမှာမှ မပျော်ရရင်ရော ဘယ်
အချိန် ပျော်နိုင်အုံးမှာလဲ ။

တစ်လှမ်းချင်းလှမ်းလာတဲ့
အမျိုးသမီး ...... အမည်က
ဟန်ဆယ်ဂျင်း ..... တက္ကသိုလ်တူ
မေဂျာတူ ..... ကျောင်းတက်ထဲက
အများဝိုင်းသဘောတူကြတဲ့
သူတို့နှစ်ယောက်ဟာ နတ်ဖက်
တဲဖူးစာ လို့ပြောရင်လည်း မမှား
နိုင်ဘူး ။

ဝဲတက်လာတဲ့မျက်ရည်တွေကို
ဘေးဖယ်ရင်း ထိုသတို့သမီး
ငယ်လေး သူ့လက်မောင်းထက်
လက်ချိတ်လာသည် အထိစောင့်
ဆိုင်းနေမိသည် ...... ' ဦးသမီးကို
တစ်သက်တာ ယုံယုံကြည်ကြည်
အပ်နှင်းပါတယ်နော် ' ဆိုတဲ့
သဘောမျိုးနှင့် အနွေးထွေးဆုံး
ပြုံးပြလာတဲ့ ယောက္ခမဖြစ်သူ .. ။

ရာကျော်လောက်ရှိမဲ့ ပွဲတက်
ပရိသတ်အလယ်မှာ ကတိကဝတ်
ပြုရင်း မင်းကိုစောင့်ရှောက်မယ်
ဆိုတဲ့ အတွေး ...... ဆယ်ဂျင်းက
လှလှပပလေးပြုံးရင်း သူ့လက်
များကို နွေးနွေးထွေးထွေးလေး
ဆုပ်ကိုင်လာခဲ့သည် ။

' ကိုယ်တို့ အရာရာကိုကျော်လွှား
နိုင်ပါပြီ '

ဆယ်ဂျင်းက မျက်ရည်တွေကြား
ထဲက ပြုံးသည် ၊ ဒီလိုနေ့ ... ဒီလို
အချိန်ရောက်ဖို့ သူရော ဆယ်ဂျင်း
တင်မက နှစ်ဖက်မိသားစုအပျက်
ပျက်နှင့် သွေးထွက်ခဲ့ရသည်က
များသည် ၊ ခက်ခဲသည်ဆိုတာ
ထက်ကိုပိုတဲ့ အကြီးမားဆုံး
အနှောင့်အယှက်ကြီး တစ်ခုက
လွန်ခဲ့တဲ့ ၄နှစ်ကမှ စတင်ခဲ့
သည်လေ ။

『 𝗕𝗼𝗻𝗱 』Where stories live. Discover now