Recommendation song::
Off My Face - Justin Bieber*************************
အချိန်အားဖြင့် မနက်၅နာရီ .... ။
ယခုဂယူဗင်း ရောက်နေဝာာက
တစ်ခါ နှစ်ခါလောက်သာ သွားဖူးတဲ့
Kev ကွန်ဒိုအောက်က ကားပါကင်
၌သာပင် ..... ။ တစ်ညလုံးမအိပ်
ရသေးတဲ့အရှိန်နဲ့ တစ်ချက် တစ်
ချက် ငိုက်လာခဲ့ပေသည့်တိုင်
စောင့်ဆိုင်းနေရသော တစ်ယောက်
သောသူ အပြန်ကိုလွတ်သွား
မည်စိုး၍ စီယာတိုင်ကိုပင် လက်
ထောက်ထားရသည် ။မာမီတို့ကို ဒီညပြန်မလာနိုင်
ကြောင်းနဲ့ ဆယ်ဂျင်းနားမှာရှိ
နေရမှာဖြစ်ကြောင်း ပြောပြီး
ယူဂျင်းတို့အိမ်မှာရှိနေခဲ့တာ .....
ယောက္ခမဖြစ်သူကလည်း သားရဲ့
လုပ်ရက်နဲ့ ဒေါသတွေတရစပ်
ထွက်နေခဲ့ပုံများ ဂယူဗင်းဘယ်လို
မှဖျောင်းဖျလို့ပင် မရခဲ့ ။လုပ်ချင်ရာလုပ်ပြီး အစအနပျောက်
သွားတဲ့ ယူဂျင်းကို မျက်စိရှေ့
ခေါ်လာဖို့ သူ့ကိုအားနာပါနာ
တာဝန်ပေးလိုက်တဲ့ အန်ကယ့်လ်
စကားကြောင့် ဂယူဗင်းဒီနေရာ
သို့ရောက်ရှိနေခြင်း .... ၊ ညကသူ
နဲ့စကားများပြီး ထွက်သွားခဲ့
တာတော့ ဂယူဗင်းမပြောဖြစ်ခဲ့
တော့ပါ ။Kevအခန်းထဲထိ လိုက်သွား
ရအောင်လည်း သူ့ကိုစိတ်ပူလို့
လား လွမ်းလို့လား ဆိုတဲ့မေးခွန်း
တွေနဲ့ ယူဂျင်းက ရိသဲ့သဲ့ဆို
လာအုံးမည်မဟုတ်လား ..... ။ဂယူဗင်း နဲ့ ယူဂျင်းကြားက
မှားယွင်းခဲ့တာ ဘယ်ကနေစပြီးလဲ
ဘယ်အရာတွေကြောင့်များလဲ ....
သေချာတာ တစ်ခုကတော့
မမြင်နိုင်တဲ့ နှောင်ကြိုးတွေကြား
မှာတော့ သူတို့နှစ်ဦးသား ညိတွယ်
ခဲ့သည်မှာ မှန်လိမ့်မည်ပင် ....... ။မရေရာတဲ့ခံစားချက်တွေရယ် ...
မပြတ်သားတဲ့ ဆုံးဖြတ်ချက်
တွေကြားမှာ ဂယူဗင်းလမ်း
ပျောက်ခဲ့တာကြာပြီ ..... ၊ ဆယ်ဂျင်း
ကိုပဲ ရွေးချယ်ခဲ့ရင် ယူဂျင်းတစ်
ယောက်ပဲ နာကျင်ရမည်ဟု တွက်ဆ
ခဲ့ပေမဲ့ တကယ်တမ်း စတေးလိုက်
ရတာ နှလုံးသားက သုံးစုံ
တောင်လေ ...... ။ယူဂျင်းပြောသလို သူကဆက်ရူး
နေသင့်ပြီလား ...... ၊ ဒါမှမဟုတ် မင်း
ကိုပဲ အရူးခံခိုင်းလိုက်ရမလား
ကလေး ..... ။

YOU ARE READING
『 𝗕𝗼𝗻𝗱 』
FanfictionImmersing in bonds can be the most scary thing in life. But ..... We totally immersed!