Aquarium

584 111 2
                                    

' အိပ်မပျော်လို့လား ..... '

လူးလိမ့်နေသည့် ယူဂျင်းခန္ဓာကိုယ်လေး
ဟာ ပွေ့ဖက်ထားတဲ့ ဂယူဗင်းရင်ခွင်ဆီ
မှ တိုးထွက်နေတဲ့ ပိုးတုံးလုံးငယ်လေးလို ၊
မျက်လုံးတွေ မှေးစင်းထားသည့်တိုင်
ငြိမ်သက်မနေတဲ့ ယူဂျင်း​၏ ချွေးစို့စို့
နှဖူးလေးပေါ် လက်အသာတင်ကြည့်
မိတော့ ဂယူဗင်းထင်ထားသည့်အတိုင်း
အဖျားကြီးနေခဲ့သည်ပင် ။

မြင့်တက်လာတဲ့ ကိုယ်အပူချိန်ကြောင့်
ယူဂျင်းအား ရင်ခွင်ထဲမှ ဆွဲထုတ်ရင်း
ရေပတ်တိုက်ပေးဖို့ရာ ကုတင်ပေါ်မှ
ပြေးဆင်းခဲ့ရသည် ၊ ဗင်းခြေထောက်တွေ
ဟာ ဆတ်ဆတ်ခါအောင် တုန်ယင်သည် ၊
နှလုံးသား တစ်ခုလုံးဟာ ယူဂျင်း ခန္ဓာကိုယ်
မှ အပူချိန်တွေထက် ပြင်းသော အဆတစ်
သိန်း တစ်သန်းမကတဲ့ မီးခဲနှင့် တို့ထား
ရသလို ဗင်းပူလောင်ရသည် ။

မဆင်မခြင်တွေ ရှိလိုက်တာ ..... ဒီကလေး
ကို ခေါင်းခြောက်အောင် မသုတ်ပေးနိုင်
ခဲ့ဘဲ ဆိုးလ်ထိကို တစ်ယောက်ထဲ ညပြန်
စေခဲ့တာပဲ ဂယူဗင်း ကိုယ့်ကိုယ်ကို စိတ်
နာလှပြီ ။

ဟန်ယူဂျင်းမာတယ် ဆိုတာဘာလဲ ??
ဒီလို အခြေအနေအမျိုးတွေ ကြုံလာ
တဲ့အခါ ခေါင်းကြော သိပ်မာတဲ့ ကလေး
ငယ်လေးပဲ နာကျင်ခံစားရသည် မဟုတ်
လား .... ဆိုးတာဆိုးစေအုံးပေါ့ .....
ကျန်းမာရေးလေးတော့ အင်မတန်မှ
ဂရုစိုက်စေချင်သည် ။

ဖျားနာခဲတဲ့ ကလေးက ဖျားပြီနားပြီဆို
ဂယူဗင်း သိပ်ကြောက်သည် ၊ အဖိုးတန်
တယ်ဆိုတာ ဒါလို့ ယူဂျင်းအား ထောက်ပြ
ချင်မိပါ​၏ ၊ မာယာမပါတဲ့ ဖြူစင်ခြင်းတွေ
ကို မင်းကလွဲရင် ကိုယ့်ဘယ်သူဆီကမှ
မတွေ့ဖူးဘူး ယူဂျင်း ..... ။

ဟုတ်သည် ယူဂျင်းကဆိုးသည် ၊ ယူဂျင်း
ဟာ ရိုင်းသည် ၊ ဟန်ယူဂျင်းဟာ သိပ်ကို
မှ တဇောက်ကန်းဆန်ပါသည် ။

သို့သော် တွေကရှိသည် .... ။

အိပ်ရာထဲ ရှူဆေးဘူးတစ်ဘူးနဲ့ ပစ်ပစ်
လဲပြနေမှ ကိုယ်က ဂရုစိုက်တတ်တာ
မဟုတ်ဘူး ယူဂျင်း ..... အဲ့ဒါတော့ မင်း
နားလည်ရင် သိပ်ကောင်းမှာ ။

' ကျွန်တော် ဘယ်သူ့ကိုမှ လက်မထပ်
နိုင်ဘူး ..... '

ယောင်ယမ်းထွက်လာတဲ့ ယူဂျင်းစကား
ကြောင့် ရေပတ်ဝတ်ညစ်နေသည့် ဗင်း
လက်တွေတောင် ရပ်တန့်သွားခဲ့ရသည် ၊
ချွေးစိုနေတဲ့ ဆံပင်နက်နက် လေးတွေဟာ
ဖြူလျလျ နှဖူးပြင်ပေါ် ကပ်ရပ်နေခဲ့ပြီး
သာမန်ထက် နီရဲနေတဲ့ နှုတ်ခမ်းပါးတွေ
ဟာလည်း တစ်စက်စက်တုန်ခါလျက် ရှိ
သည် ။

『 𝗕𝗼𝗻𝗱 』Where stories live. Discover now