Something Behind;

611 99 5
                                    

ထင်းလင်းနေတဲ့ မီးရောင်ပျပျအောက်က
တလက်လက်တောက်နေတဲ့ ရေလှိုင်းငယ်
တွေ ၊ ခြေဆင်းထားတဲ့ မျက်နှာချင်းဆိုင်
ရေပြင်ပေါ်က တစ်စုံတစ်ယောက်​၏
မျက်နှာဟာ အဓိပ္ပါယ်တော့ မဲ့နေဆဲ ၊ ခပ်
ဖွေးဖွေး ခြေချောင်းငယ်တွေကတော့
ရေကြည်အောက် ငြိမ်သက်နေဆဲပင် ။

ပတ်ပတ်လည် ပတ်ဝန်းကျင်ရဲ့ ဆူညံသံ
တွေထဲတွင် ယူဂျင်းနှစ်သက်သည့် တောင်
စဉ်မရ တီးလုံးသံတွေက ပါသည် ၊ လန်း
သည်ထက်ပိုတဲ့ မြင်ကွင်းက မိန်းမချောလေး
တွေဆီမှ လာ​၏ ၊ ယူဂျင်းမျက်လုံးတွေကို
အနည်းငယ် ကစားရင်း လက်ကျန်စီးကရက်
ကို တစ်ချက်ဖွာဖြစ်ခဲ့သည် ။

အပိုင်းအစ စီးကရက်တိုလေးကို ရေကူး
ကန်ဘောင်နှင့် ခပ်ဝေးဝေးတွင် တင်လိုက်
ရင်း ဘောင်ပေါ် ထိုင်လျက်နှင့်သာ လက်
နှစ်ဖက်နောက်ပစ် ထောက်ထားလိုက်သည် ။

ယခုရောက်နေတဲ့ နေရာဟာ သူတို့တည်း
နေတဲ့ ဟိုတယ်​၏ Rooftop လို့ပင် ဆိုရ
မည်လား ၊ အမိုးထပ်တွင်ရှိသည့် ရေကူး
ကန်နှင့် တွဲလျက်က Bar တစ်ခုဖြစ်သည် ။

Chillမယ်ဆို ကောင်းကောင်းChillလို့
ရတဲ့ နေရာတစ်ခုမို့လည်း ယူဂျင်းဒီနေရာ
ဆီ မီဆို့ကိုတောင် အသိမပေးဘဲ ထွက်လာ
မိခဲ့ခြင်းပဲလေ ။

ယူဂျင်း မျက်စိကစားနေရသည့် မြင်ကွင်း
ကနေ ဖြတ်ခနဲမြင်လိုက်ရတဲ့ အရိပ်တစ်ခု
သည် ယူဂျင်းနား တစ်ရွေ့ရွေ့ ချဉ်းကပ်
လာခဲ့သည်အခါ ယူဂျင်း မသိချင်ယောင်
ပဲဆောင်နေမိခဲ့ပါ​၏ ၊ ထိုအရိပ်သည် သူ့
နည်းတူ ကန်ဘောင်ပေါ် ထိုင်ရင်း
ခြေထောက်တွေကို ဆင်းချလေတော့
နဂိုထက် လှိုင်းထသွားသော ရေပြင်ငယ်ကို
ယူဂျင်း စိုက်ကြည့်မိလိုက်သည် ။

' အလုပ်ကိစ္စပြီးသွားပြီလား '

' မပြီးသေးဘူး '

ယူဂျင်း အော် တစ်လုံးထဲသာ ပြောရင်း
ငြိမ်သက်နေမိတဲ့ ခြေထောက်လေးတွေကို
သာသားလေးဘဲ ရှေ့နောက်ခတ်နေ မိခဲ့
သည်ပင် ၊ ဆက်ပြောစရာ စကားလည်း
မရှိတော့သလို ဘာပြောရမှန်းမသိတော့
သောသူက ဒီနေရာကနေဘဲ ထထွက်
သွားချင်သည် ။

ယူဂျင်း မတ်တပ်ထရပ်ဖို့ ပြင်မိပါ​၏ ။

' နေအုံး ယူဂျင်း '

『 𝗕𝗼𝗻𝗱 』Where stories live. Discover now