သင့်တင့်တဲ့ အရပ်အမောင်းရယ် ....
ဝတ်စားထားတဲ့ အပြင်အဆင်ဟာ ဟာအို
ရင်းနှီးသလိုလို ရှိသည့် ပုံရိပ်တစ်ခုလို ၊
ခပ်ဝေးဝေးက လှမ်းဖမ်းထားတဲ့ မှတ်တမ်း
တစ်ခုဖြစ်တာမို့ Zoomကို ရရင်ရသလောက်
ဆွဲကြည့်ပြီးသည်အထိ ဟာအို တိတိကျကျ
အတည်မပြုနိုင်သေး ၊ စားပွဲပေါ်တင်ထား
တဲ့ ကိုင်းပါးပါး မျက်မှန်အဝိုင်းလေးကို
ကောက်တပ်ရင်း Laptopပေါ် လက်ညိုးနှင့်
သုံးစက္ကန့်ခြား တစ်ခါခေါက်နေမိသည် ။' ဘယ်သူလဲ ..... '
ဟာအို တိတ်တဆိတ် ရေရွတ်မိပြီးနောက်
လက်ခနဲ ဖြစ်သွားတဲ့ မျက်ဝန်းတွေက
ကင်မရာထဲထိုသူ၏ ကျောက်စိမ်းလက်စွပ်
မှအစပြု၏ ၊ သုံးခါတိတိ မျက်နှာ
ချင်းဆိုင်ဆုံဖူးခဲ့သော ထိုလူတွင် ကျောက်
စိမ်း လက်စွပ်သည် အထင်ကရဖြစ်မှန်း
ဟာအို သိနှင့်ပြီးသား ။ဒါဟာ ဆောင်းဟန်ဘင်း အတင်းဆွဲ
ခေါ်လို့ မဖြစ်မနေတက်ခဲ့ရတဲ့ ပွဲတွင် ထို
ကျောက်စိမ်း လက်စွပ်ပိုင်ရှင်နှင့် ဟာအို
ဆုံခဲ့ဖူးခြင်းဖြစ်ပါ၏ ။သေချာစေအောင် ဟာအို မိုင်ကုန်Zoom
ဆွဲကြည့်မှ ငြင်းလို့မရနိုင်တော့တဲ့ ခန္ဓာ
ကိုယ်အချိုးအဆစ်ရယ် မည်သို့သော
အကာကွယ်မျိုးမှ မရှိတဲ့ ဗြောင်ရှင်းနေ
သည့် မျက်နှာကျရယ်က ဟာအို့အား
ပါးစပ်ပွင့် သွားစေခဲ့သည် ။' ဟား ....... ဒီလူက '
ပွင့်အာသွားတဲ့ ပါးစပ်ကို ဟာအိုအလျင်
အမြန်ပိတ်ရင်း အတော်လေး စိတ်လှုပ်ရှား
နေမိခဲ့ပါ၏ ၊ မမှားလောက်ဘူး မလားဆိုတဲ့
ဆက်တိုက်အတွေးတွေရယ် တကယ်သာဆို
လျှင် အပျက်ပျက်နှင့် သွေးထွက်တော့မည့်
အခြေအနေတွေရယ် .... ဟာအို ယူဂျင်း
အတွက် ဘယ်လိုလုပ်ပေးရမှန်းကို မသိနိုင်
တော့ပေ ။ဂျွန်ဆော ကိစ္စက ဟန်ဆယ်ဂျင်းနဲ့ပဲ
ပတ်သက် ဆက်နွှယ်သည်မဟုတ်လား ...
ဘာအကြောင်းကြောင့် ဒီလို ပုဂ္ဂိုလ်မျိုး
က ဆေးရုံကိုလာပြီး အောက်ဆီဂျင်ဆွဲ
ဖြုတ်သွားရလေသလဲ ..... ၊
ဂျွန်ဆော ကိုမာဝင်နေသည့် ၇နှစ်အတွင်း
ယခုကဲ့သို့ သံသယဝင်ရမည့် ကိစ္စမျိုး
ဟာအိုမကြုံဖူးခဲ့ပါ ။
YOU ARE READING
『 𝗕𝗼𝗻𝗱 』
ФанфикImmersing in bonds can be the most scary thing in life. But ..... We totally immersed!