' အောက်ဆီဂျင် ပိုက်က ပြုတ်နေတယ် ? '
ကျန်းဟာအို၏ အသံဟာ ထိတ်လန့်စွာ
ထွက်ပေါ်လာပြီးနောက်တွင် နာစ်မလေး
သည်လည်း ကြောက်ကြောက်လန့်လန့်
နှင့် ခေါင်းငြိမ့်ရှာသည် ၊ ဒီကိစ္စကို ယူဂျင်း
လာမှ အသိပေးမည် တေးမှတ်ထားပေမဲ့
မပြောဖြစ်လိုက်ရင် ပိုကောင်းမည်ဟု
လည်း ဟာအိုတွေးမိပါသည် ။ယူဂျင်းသိလျှင် ရေဆုံးမြေဆုံး လိုက်ရှာ
တော့မည့် ဒီတရားခံရဲ့ဘဝကို ငဲ့ညာခြင်း
မျိုးမဟုတ်ဘဲ လူနာဖြစ်သူရဲ့ အခြေနေ
အပူနဲ့ပါ ပေါင်းပြီး ယူဂျင်း စိတ်ပင်ပန်းမှာ
ကို ဟာအို မလိုလား ၊ ဟာအိုက ယူဂျင်းနီး
ကို ချစ်သည်လေ ၊ အရိပ်တကြည့်ကြည့်
နှင့် ဆန္ဒတွေကို ဖြည့်ဆည်းပေးချင်သည် ၊
တတ်နိုင်လျှင် တတ်နိုင်သလို ယူဂျင်းနီး
ကို စိတ်ချမ်းသာအောင် ထားပေးချင်ပါ
သည် ။' ဒီနားမှာ ကျွန်တော်မroundသေးတာနဲ့ပဲ
ဘယ်သူ့မှ တာဝန်မကျတော့ဘူးလား 'အနည်းငယ် မာဆတ်ဆတ်ဖြစ်လာတဲ့
ဟာအို့အသံကြောင့် ခေါင်းတွေပင် ငုံ့ငုံ့
သွားတဲ့ နာစ်လေးကို စုပ်သက်ပြုရင်း
မျက်မှောင်တွန့်ကုပ်ကာ ကြည့်မိခဲ့သည် ။' ဒုတိယနှစ် စီနီယာက ဒီနေ့ဘိုးဘွား
ကန်တော့ပွဲကို ..... '' အကြောင်းပြချက်ပေးတာ ကျွန်တော်
သဘောမကျဘူး ... ခွဲခန်းပြင်ထားပေးပါ
ပြီးတော့ ဘိုးဘွားကန်တော့ပွဲသွားတဲ့ မင်းတို့
စီနီယာကို အခုချက်ချင်း ခွဲခန်းဝင်ဖို့ ဆက်
သွယ်ထားလိုက် '' ဟုတ် ... ဟုတ်ကဲ့ပါ ဒေါက်တာ '
ဒုတိယနှစ် စီနီယာ၏ အကြောင်းပြချက်
သည် ဖန်တလဲလဲပင် ထပ်လို့ ၊ တစ်ခါတစ်
လေ duty offချင်ကြောင်းကို တစ်ခြား
သော အကြောင်းပြချက်လေးတွေ ပေး
တတ်အောင် ဟာအို သင်ပေးချင်မိသည် ။ဘိုးဘွားက Dutyကျတိုင်း ကန်တော့လေ
သလား ဒေါက်တာ ထယ်ရယ်ရှီ ။ခွဲခန်းရှေ့ မတ်တပ်ရပ်နေမိတဲ့ သူဟာ
မိနစ်အနည်းငယ်ခန့်ပင် ကြာချေ၏ ၊
ပြူးကြောင်ကြောင်နှင့် အဆင်သင့်
စောင့်နေသော လက်ထောက်အဖွဲ့ဟာ
သူ့အား ကြည့်နေသည်လည်း ဟာအိုသိ
သည် ၊ သက်ပြင်းတို့ အလှိမ့်လှိမ့်ချရင်း
ကုတင်ထက် လှဲနေသော လူနာ ....
ဘဝရဲ့ ၇နှစ်တာမှာ ဆေးရုံကုတင်ထက်
တိတ်တဆိတ် အိပ်ပျော်နေရှာသူသည်
ဟာအို့အတွက် အလွန်အဖိုးတန်သည် ။

YOU ARE READING
『 𝗕𝗼𝗻𝗱 』
FanfictionImmersing in bonds can be the most scary thing in life. But ..... We totally immersed!