Consolation

585 95 2
                                    


ရောက်နေသည့် အင်တာနက်ကဖေးဟာ
ယခင်ကထက် လူပိုစည်သည် ၊ ဂိမ်းဆော့
ကြမလား ဆိုတဲ့ Kevအကြံက မဆိုးခဲ့ဘူး
ပြောရလေမလား ..... ရှုပ်ထွေးနေသော
စိတ်တွေဟာဖြင့် ဂိမ်းထဲက သေနတ်သံတွေ
ကြား နစ်မြုပ်ရင်း ဖြေဖျောက်ခဲ့သည်မှာ
အတော်လေး အဆင်ပြေလှသည် ။

ဂိမ်းဆိုတာ ယူဂျင်းမွေးထဲက ဆရာမကူ
ဘာမကူဘဲ အကျွမ်းကျင် အပိုင်နိုင်ဆုံး
အရာတစ်ခု ..... ဂိမ်းစက်သေးသေးလေး
ကိုင်ရင်း ရယ်သံလွင်လွင်တွေ ပြုခဲ့တဲ့
အတိတ်တွေဟာ တစ်ခါတစ်ရံ သတိရတစ်
ချက် မရတစ်ချက် ဖြစ်သည်ဆိုသော်ငြား
ယူဂျင်း ထိုကဲ့သို့ တမ်းတစရာတွေကို
ခေါင်းခါရင်း ဖျောက်ပစ်ရသည် ။

စိတ်ကြည်ချင်လို့ Kevနဲ့အတူ ကျောင်းပြေး
လာတာက ထပ်ပြီး စိတ်ညစ်ခံဖို့မှ မဟုတ်
တာလေ .... စိတ်လိုလက်ရ လုပ်ပစ်မည်
ဆိုတဲ့ အတွေးလေးက ယူဂျင်းဘဝအတွက်
မရှိမဖြစ်တော့ လိုအပ်သည် ၊ ယူဂျင်းဘဝ
တွင် ဖြစ်ချင်တိုင်း မဖြစ်ရသလို .... မဖြစ်
ချင်သည့် ကံကြမ္မာဆိုးတွေက အလုံးအရင်း
ဝင်ရောက်တတ်သည်က များသည်မလား ။

' ဟန်ယူဂျင်း .... One shot one shot ...
အပိုင်ဆော်တော့ကွာ '

Screenပေါ်ပြေးနေသည့် ဂိမ်းကာရိုက်တာ
တွေသည် ယခုအချိန်၌ ယူဂျင်း​၏အာရုံ
စိုက်မှု အများဆုံး လက်ခံရရှိထားပေသည်
၊ မျက်လုံးအိမ်တို့ကို စူးစိုက်ကာ မောက်စ်
clickပေါ်က လက်ညိုးသွယ်သွယ်တွေက
Kevရဲ့ တိုက်တွန်းသံအဆုံး ဇက်တိုက်ချ
သည် ၊ တစ်တောက်တောက်နှင့် မြည်သည့်
Keyboard သံဟာလည်း ဘေးလူဖြတ်သွား
လျှင်တောင် ပျက်စီးအောင် ဖျက်ဆီးနေ
သလားဟု တွေးနိုင်သော အဆင့်ထိပင် ။

ထိုကဲ့သို့ ယူဂျင်းဟာ နိုင်လိုစိတ်ကြီးသည် ၊
အနိုင်ပိုင်း အလံထူချင်သည် ဆိုတဲ့စိတ်ထက်
အရှုံးမပေးသူဟု ပြောလျှင်တောင် အမှန်ဆုံး
ဖြစ်သွားနိုင်​၏ ။

' Littt .... ဟန်ယူဂျင်းက အမြဲဟန်ယူဂျင်းပဲ
ဘယ်တော့မှ မလေးစားပဲ မနေနိုင်ဘူး ....
ဂိမ်းမှာပြောတာ '

Kevဟာ ယူဂျင်းရဲ့ သူငယ်ချင်းပါဟု
ပြောလျှင်တောင် ယုံချင်စဖွယ်ရှိလိမ့်မည် ၊
ယူဂျင်းကဲ့သို့ အကြောမခံသည့် စိတ်လေးက
ယူဂျင်းနှင့် ထပ်တူ တထေရာတည်း .... ၊
ယူဂျင်းကဲ့သို့ တဇွတ်ထိုးမဆန် တတ်တာ
တော့ Kevဆီက ချီးကျူးစရာလေးတစ်ခု ။

『 𝗕𝗼𝗻𝗱 』Where stories live. Discover now