Behind The Paint

719 104 10
                                    



Strongly recommendation song - Rewrite the stars( James Arthur & Annie Marie)

__________________________

ခွပ်!!!

ညာဘက်ပါးစောင်ထက်က နာကျင်မှုဟာ
ဗင်းမျက်လုံးတွေ ပြာနှမ်းစေသည့်အထိ
ပြင်းသည် ၊ မွစကြဲသွားသော ဆေးစုတ်တံ
တွေရယ် လွင့်စင်သွားတဲ့ အဖြူရောင်
စက္ကူ အပိုင်းအစတွေရယ် ပျက်ယွင်းသွား
တဲ့ ပန်းချီကားလှလှလေးရယ် .... ဘယ်မှာ
လဲ ဗင်းတန်ဖိုးထားသည့် အရာတွေ???

တစ်စစီ ဖျက်ဆီးပစ်ရုံတင်မက လည်ပင်း
ကော်လံကအစ ဆောင့်ဆွဲကာ ပစ်ထိုးလိုက်
တဲ့ လက်သီးတစ်လုံးစာက ဗင်းအား ကြမ်း
ပြင်ပေါ်ထိပင် ပြုတ်ကျစေခဲ့သည် ။

' ရပ်တန်းကရပ်ဖို့ မင်းကိုငါဒီလောက်ထိ
မလုပ်ဘဲ တားနေခဲ့တာနော် ကင်မ်ဂယူ
...... မျက်နှာပြောင်မတိုက်နဲ့ '

ဗင်း ထိုဩဇာသံကို သိပ်ကြောက်ပါသည် ၊
လှည့်မကြည့်ချင်လောက်တဲ့ထိ ကြောက်
လွန်း၍ ဗင်း ထိုအမျိုးသားရှေ့မှ
ရူးခါနေအောင် ပျောက်ကွယ်ချင်မိသည် ၊
ထိုအမျိုးသားသည် တစ်ခြားမဟုတ် .... ဗင်း
​၏ ဒယ်ဒီ ... ဗင်း​၏နှစ်ယောက် မရှိနိုင်သော
ဒယ်ဒီ ။

' ....... '

မျက်လုံးတွေရှေ့ ကျရောက်လာတဲ့ အရိပ်
တစ်စုံဟာ ဗင်းလဲကျရာရှေ့ ရပ်တန့်ပစ်
သည် ၊ စူးစူးစိုက်စိုက်ကြည့်မိတဲ့ ခြေခုံတွေ
ဟာ သိပ်ရက်စက် တတ်သည်လား ။

' ရှက်စရာကောင်းတယ် ..... ငါပျိုးထောင်
ထားတာ ဒီလိုလမ်းမျိုး ရွေးချယ်ခိုင်းဖို့
မဟုတ်ဘူး ကင်မ်ဂယူ '

' တောင်းပန်ပါတယ် ဒယ်ဒီ! ကျွန်တော့်ကို
ဒီတစ်ခါပဲ .... တစ်ခါလေးပဲ ခွင့်ပြုပေးပါ '

' တစ်ခါပဲမှားလို့ရတဲ့ အမှားကို ဒီတစ်ခါပဲ
လို့ တောင်းဆိုတဲ့ မင်းက ဦးနှောက်မရှိ
တာလား ..... သဘောမတူနိုင်ဘူး ......
အဲဒီ့ကောင်လေးနဲ့ '

' ဒယ်ဒီ ကျွန်တော် ..... '

' နောက်တစ်ပတ်လုံး ကျောင်းမသွားရဘူး
နောက်နောင် မင်းပန်းချီ ဆွဲနေတာကိုလည်း
ငါလုံးဝမမြင်ချင်ဘူး ကင်မ်ဂယူ .... သွား
အခန်းထဲ ဝင်တော့ '

ဗင်း မရွေ့မိပါ ၊ တင်းထားတဲ့ လက်သီးဆုပ်
တွေရယ် ကြမ်းပြင်ကို တစ်ဂျစ်ဂျစ်ကုပ်
မိတဲ့ လက်သည်းခွံတွေရဲ့ နာကျင်မှုဟာဖြင့်
ရင်ထဲနာကျင်မှုတွေကို မှီနိုင့်ပါမလားလေ ။

『 𝗕𝗼𝗻𝗱 』Where stories live. Discover now