A/Nမူလအတိုင်းဘဲပြန်တင်ထားပါပြီ
မနက်ဖြန်ep10တင်ပေးပါ့မယ်
ခနခနအမျိုးအမျိုးဖြစ်နေမိလို့တောင်းပန်ပါတယ်
ဒီတစ်ခါအတည်ပါ
စိတ်ငြိမ်အောင်နေလိုက်ပါပြီ
အားလေးဘာလေးဖြစ်နိုင်ရင်
မာန်တို့နဲ့ပတ်သတ်ပြီးအားလေးပေးကြပါလို့
မျက်နှာပူစွာနဲ့တောင်းဆိုမိပါတယ်။
Voteကလေးတစ်ခုရတာကအစ
အတော်ပျော်တာမလို့ပါ။-----------------------------------------
မောင်ရယ် ကိုယ်ရယ်
ချစ်မေတ္တာတွေရယ်{Ep1}
(နှလုံးခုန်သံ)22.3.2022
နားထဲသို့ တိုးဝင်လာတယ့်
တဒိန်းဒိန်းအသံလေး
ထိုအသံလေးဟာ
လူတစ်ယောက်ရဲ့နှလုံးခုန်သံ
လွင်အခုရင်ခွင်ထဲ
တိုးဝင်ကာအိပ်နေတာကြောင့်
ဖက်ထားတယ့်အမျိုးသားရဲ့
နှလုံးခုန်သံဖြစ်သည်။စည်းချက်မှန်မှန်လေးခုန်နေတယ့်
ထိုနှလုံးခုန်သံလေးကို
နားလေးနဲ့ဖိကပ်လို့နားထောင်နေရတာကို
လွင်တစ်ယောက်သဘောကျစွာ
ပိုတိုးလို့ နားလေးနဲ့ထိကပ်ရင်း
ပါးလေးနဲ့ပါ ရင်ဘက်လေးကို
ပွတ်သပ်မိတော့
အဟွတ်ဆိုတယ့် ထွက်ပေါ်လာတယ့်
ချောင်းဆိုးသံမဟုတ်တယ့်
ရယ်ခြင်တာကိုထိန်းချုပ်လိုက်တာကြောင့်
ထွက်ပေါ်လာတယ့် ယောကျာ်းသံ
ထိုအသံဟာ လွင်ပိုတိုးလို့ထိကပ်နေမိတယ့်
ရင်ခွင်ပိုင်ရှင်ဖြစ်တယ့်အပြင်
လွင်ရဲ့ချစ်ရတယ့်အမျိုးသားဖြစ်တယ့်
မာန်ရဲ့အသံ။မာန့်အသံကြောင့် လွင်ဟာလည်း
နားရွက်ဖျားလေးတွေရဲသွားသလို
နားထောင်နေတယ့်
နှလုံးခုန်သံလည်းပိုတိုးလို့မြန်လာလို့
မာန့်ရင်ဘက်ထဲကပါ
ကြောင်ကလေးတွေပျော်ရင် မြည်သလို
တဂွီးဂွီးပါမည်လာသည်။လွင်တစ်ယောက်စောနက
မျက်လုံးလေးမဖွင့်ဘဲမှိန်းနေရာမှ
အခုတော့ မျက်လုံးလေးတစ်ဖက်ကို
အသာလေးဖွင့်လို့
မာန့်ကိုချောင်းကြည့်လိုက်တော့
လွင်ကိုမြတ်နိုးစွာ
အပြုံးကြီးပြုံးလို့
မျက်ဝန်းထဲကနေတောင်
အချစ်တွေလျှံကျတော့မတက်
ကြည့်နေတယ့်မာန်မာန်ရဲ့လက်ချောင်းရှည်တွေကို
အသာလေးမြှောက်လို့
လွင်ရဲ့ ပါးပေါ်ကို ခပ်ဖွဖွလေးထိတွေ့ကာ
လက်ဖမိုးလေးနဲ့ ပွတ်သပ်လေသည်။
YOU ARE READING
မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် Complete
Romanceနွေးထွေးတယ့် အိမ်ထောင်ရေးလေး နားလည်မှုရှိတယ့်အိမ်ထောင်ရေးလေးကို ကိုယ်တို့အတူတူတည်ဆောက်ရအောင် တစ်ယောက်နဲ့တစ်ယောက် လက်တွဲမဖြုတ်ကြေးနော် မာန် #လွင် သဝန်တိုလို့ မောင်ဒေါသထွက်မိရင် ဦးလွင် စိတ်တော့မဆိုးလိုက်ပါနဲ့ ကျွန်တော်က သိပ်ချစ်လို့ သဝန်တိုမိတာပါ။ ဦ...