Ep20

1.3K 68 2
                                    

"အားငြောင်းလိုက်တာ"

အိမ်ပေါ်ထပ်ရှိ ကုတင်ပေါ်မှာ
ပစ်လှဲကာ ပျင်းကြော်ဆန့်လိုက်တယ့်
လွင်။
ခေါင်းအုံးဘေးနားက
ဖုန်းနာရီလေးကို တစ်ချက်ကြည့်လိုက်တော့
နာရီဟာ ၁၀နာရီကိုထိုးနေလေပြီ
ဖြစ်တာကြောင့်
မကျေမနပ်လေးရေရွတ်လိုက်ရင်း
မျက်နှာလေးမှာ စူပုတ်နေလေသည်။

" အားးးး နားမယ်ဆိုကြည့်လိုက်ရင်
၁၀နာရီထိုးနေပြီ"

ပက်လက်ကလေးလှန်ကာ
လက်သီးစုပ်လေးနဲ့ မွေ့ယာကို
နှစ်ချက်လောက်ထုလို့ ကလေးလေးတွေ
ရစ်သလို အော်နေတယ့်ဦးလွင်
ရာသီဥတုကပူတာမလို့
မောင့်မျက်ဝန်းညိုလေးဟာ
ဘောင်းဘီဒူးလောက်လေးနဲ့
စပန့်အင်္ကျီအပွကို ဝတ်ထားလေရာ
ကိုယ်လေးကို လှုပ်လိုက်တိုင်း
ပေါ်ပေါ်လာတယ့် ပုခုံးသားလေးကြောင့်
မာန်မှာ တစ်ချက်တစ်ချက်သာကြည့်မိလို့
မျက်နှာလေးလွှဲထားမိသည်၏

*စိတ်ထိန်းမာန် ဒီလောက်ရာသီဥတုပူတာ
ချွေးထွက်မယ့်အလုပ်မလုပ်သင့်ဘူး*

လွင် မျက်လုံးလေးမှိတ်ကာ
အိုက်လွန်းတာကြောင့်
ငြိမ်နေတယ့်အချိန်  ကိုယ်ပေါ်ကို
ရောက်လာတယ့် အလေးချိန်တစ်ခုကြောင့်
မျက်လုံးတို့ကို ဖွင့်ကြည့်လိုက်တော့
လွင်ရဲ့လက်နှစ်ဖက်ကို
တစ်ဖက်တည်းစုကိုင်ကာ
မြှောက်ထားတယ့်မောင်
လူကလည်း လွင်အပေါ်မှာ အုပ်မိုးလို့
အကြည့်တွေက နှုတ်ခမ်းဆီက
မရွေ့။

ဒီအခြေအနေဆို ဘယ်အထိရောက်မလဲ
သိတယ့်လွင်ကတော့ ခြေဆင်းကာ
ငိုလိုက်ခြင်သည်။

*မပေးခြင်တာဟုတ်ဘူးနော်
ပူလွန်းတယ် အူဝါးးးးးးးးးး
ချွေးထွက်မယ့်အလုပ်မလုပ်ခြင်ဘူး။
ငါးကြော်မြင်တယ့်ကြောင်လိုဖြစ်နေတယ့်
မောင့်ကို မုန့်ကျွေးပြီး ဗိုက်ပြည့်အောင်
နှစ်သိမ့်လို့မရဘူးလား။ငါလေး မုန့်လုံးလေးဖြစ်ခြင်ဘူး။စားခံခြင်ဘူးလို့!!!!*
ကြေကွဲစွာ ရင်ထဲကနေ ငိုကြွေးလိုက်တယ်လွင်

မာန်ကတော့ ဦးလွင်ကို
အုပ်မိုးထားရင်းကနေမှ
မျက်လုံးလေးပြန်မှိတ်ကာ
ဆူပုတ်နေတယ့် အသက်ကိုကြည့်လို့
ရယ်မိသည်။

မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် CompleteOù les histoires vivent. Découvrez maintenant