Ep6 ဖွင့်ပြောခြင်း

2.2K 129 1
                                    

မောင်ရယ်ကိုယ်ရယ်
ချစ်မေတ္တာတွေရယ်

Ep 6

မနက်၆နာရီထိုးပြီ
အစ်ကိုအခုထိပြန်မလာသေးဘူး။
မတ်တပ်ရပ်နေတယ့်မာန်ရဲ့ ‌
ခြေထောက်တွေ ကျဥ်လာပြီ
မနက်မိုးလင်းစပြုလို့
အစ်ကိုမနက်စာထမင်းကြော်ဖို့
ထိုင်စောင့်နေကြ ပဲပြုတ်သည်အဘိုးတောင်
ကျွန်တော်တို့ လမ်းထဲလှည့်ပြီးသွားပြီ
အခုထိအချိန် တစ်ညလုံးပြန်မလာဘဲ
အစ်ကိုဘယ်ရောက်နေတာလဲ။

တံခါးဘောင်ကိုမှီကာ လက်ပိုက်လို့
အစ်ကို့ကို မာန်စောင့်နေသည်။
အစ်ကိုဘယ်အချိန်ပြန်ရောက်မလဲ?

ကျွီ

ထွက်ပေါ်လာတယ့် ဒီအသံက
မာန်တို့ခြံတံခါးကအသံ
ခနမှေးလိုက်မိတယ့် မျက်လုံးတွေကို
ပြန်ဖွင့်လို့ အစ်ကိုပြန်လာတာလားလို့
ကြည့်လိုက်တော့
သိပ်ဟုတ်တာပေါ့ ကျွန်တော့်ရဲ့အစ်ကို
ပြန်ရောက်လာတာ
ငူငူငိုင်ငိုင်နဲ့ပြန်ဝင်လာတယ့်အစ်ကို
မာန်စိုက်ကြည့်နေရင်းမှ
အစ်ကို့ကို လိုက်ပို့ပုံရတယ့်
အိမ်ရှေ့ကနေ အခုမှ
မောင်းကာထွက်သွားတယ့်
ဆိုင်ကယ်ကိုလည်း
တစွန်းတစတွေ့လိုက်သည်။

အနားကိုရောက်လာတယ့်အစ်ကိုဟာ
တံခါးဝက မတ်တပ်ရပ်နေတယ့်
မာန့်ကိုမြင်တော့
ကြည့်လာတယ့် မျက်ဝန်းတွေ
ဘာကိုမှ အလေးမထားတော့သလို
မျက်ဝန်းတွေ အသည်းကွဲလာသလို
ဖြစ်နေတယ့် အစ်ကို့မျက်ဝန်းတွေက
မာန့်ရင်ကို နာကျင်စေမှုဖြစ်စေသည်။

"အာ မာန်သွားစရာရှိလို့လား
အစောကြီးနိုးနေတာ"

ဟုတ်တယ်အစ်ကို
အစ်ကိုနဲ့ကြည့်ရင်
၇နာရီခွဲလောက်မှ အိပ်ရာထတတ်တယ်ါ
ကျွန်တော်က ဒီနေ့
အစောကြီးနိုးတာမှန်ပေမယ့်
တကယ်တော့ ကျွန်တော်က
အစ်ကို့ကို စောင့်နေလို့
တရေးမှကို မအိပ်ရသေးတာ။
အစ်ကိုသိရင် မစောင့်နဲ့ဆိုတာကို
စောင့်လို့ ဆူမလား။
ဒါမှမဟုတ် ဘာလို့စောင့်နေတာလဲဆို
မေးမလား။

မာန် ခေါင်းလည်းမခါသလို
ခေါင်းလည်း မငြိမ့်မိ
မျက်စိရှေ့က အစ်ကိုယ့်ကိုသာ
ကြည့်နေမိသည်။
မျက်ဝန်းတွေက စူးစူးရဲရဲနဲ့ပေါ့
မျက်နှာတည်တင်းနေတာကိုတောင်
ကိုယ့်ဘာသာ သတိမထားမိဘဲလေ။

မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် CompleteWhere stories live. Discover now