Ep22

1K 62 0
                                    

ကြက်မွကြော်နဲ့ထမင်းကြော်ကိုသာ
ခေါင်းမဖော်ဘဲစားနေတယ့်မောင့်ကို
လွင်ကြည့်လို့ မောင်သဘောကျသော
ပါးချိုင့်လေးတွေပေါ်သည်အထိ
ပြုံးလိုက်သည်။
နားရွက်ကလေးတွေတောင် ရဲနေသေးတယ့်
မောင်ဟာ လွင်စတာကို
အခုထိအရှက်သည်းနေသေးတာ။
ကိုယ့်အမျိုးသားကတော့လေ
အိမ်ထောင်သက်တစ်နှစ်ပြည့်တာတောင်
ရှက်နေတုန်း။

မောင့်ကိုသာ ပြောတာပါ
လွင်လည်းအခုထိမောင့်အနမ်းတွေ
ရတိုင်းရင်ခုန်မြဲ။

လွင်သာ ဆက်ပြီးစိုက်ကြည့်နေမယ်ဆိုရင်
မောင်တစ်ယောက် မနက်စာကို
​ဖြောင့်ဖြောင့်စားနိုင်မှာမဟုတ်တာကို
သိတာမလို့ ဆက်မကြည့်တော့ဘဲ
ခေါင်းလေးငုံလိုက်ကာ
ကိုယ့်မနက်စာကိုသာကိုယ်စားလိုက်သည်။
သေချာတာကတော့မောင့်ကို
မကြည့်မိအောင် ငုံလိုက်သော
လွင်ရဲ့မျက်နှာထက်ရှိ နှုတ်ခမ်းပါးလေးမှာ
ကော့တက်သွားလျှက်ပေါ့။

လွင်ထမင်းစားနေရာမှ
ပိုယ့်ပန်းကန်ထဲမှာရှိတယ့်
ကြက်အသည်းလေးကို ဇွန်းလေးနဲ့ခပ်ကာ
ကြက်မွကြော်နဲ့စားနေတယ့်
မောင့်ပန်းကန်ထဲသို့
ကြက် အသည်းလေး
ထည့်ပေးလိုက်သည်။
အမြစ်ကိုတော့မထည့်ပေးတော့ပါ
မောင်ဟာ ကလီစာတွေထဲမှာ
အမြစ်ကို လုံးဝမစားလို့ဖြစ်သည်။
နောက်မောင်က ကြက်သားဟင်းချက်လို့
အရေပြားပါရင်လည်း
အရေပြားကိုမစားတော့ဘူး
တစ်ခါတလေမောင်ဟာ ဒီလိုလေးတွေ
ချည်းများတတ်တယ်။

မာန်မျက်စိရှေ့က
ဝယ်လာပေးတယ့်မနက်စာလေးကို
သေချာစားနေတယ့် ဦးကြောင့်
ပြုံးလိုက်မိသည်။
အခုလို ကိုကိုဟာ မောင်ဝယ်လာပေးသမျှကို
နှစ်ခြိုက်စွာသေချာလည်းစားပြတတ်သည်။
ရှက်နေတာလေးကလည်းရှိနေတာမလို့
မာန်မှာ ဦးလွင်ကိုခိုးသာငေးနေရတယ့်အဖြစ်
သို့ပေမယ့်လည်း မာန်ရှက်နေတာကြောင့်
ငြိမ်နေမှန်းကိုသတိတယ့် ဦးလွင်ဟာ
ဆက်မစတော့ဘဲ ရောက်တတ်ရာရာ
စကားလေးတွေစပြောပေးတာကြောင့်
အခြေအနေဟာတိတ်ဆိတ်မနေတော့ဘဲ
မာန်လည်း ရှက်နေတာအနည်းငယ်သက်သာသွားသည်။

ထို့နောက် မနက်စာဝိုင်းလေးဟာ
လွင်နဲ့မောင်ရဲ့ တစ်နေ့တာအတွက်
လုပ်စရာလေးတွေကို တိုင်ပင်တာနဲ့
အစချီလို့ စကားလေးတပြောပြောဖြင့်
အလုပ်များတတ်တယ့်
သူတို့နှစ်ယောက်အတွက် အေးဆေးအနားယူစကားပြောချိန်ဆိုတာ
ထမင်းလက်စုံစားချိန်နဲ့
ညအိပ်ချိန်လေးတွေသာ
များသည်လေ။

မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် CompleteWhere stories live. Discover now