လမ်းထောင့်နားက
မီးရောင်အောက်မှာ မာန်ကို
ရပ်စောင့်နေတယ့် အသက် ။
ခရမ်းနုရောင်အင်္ကျီလေးနဲ့
ဒူးဖုံးဘောင်းဘီ နက်ပြာလေးကို
ဝတ်ထားတယ့်အသက်ဟာ
အခုလိုကျ ဆယ်ကျော်သက်လေးလို။မတ်တပ်ရပ်နေရင်းနဲ့
ဟိုကြည့်ဒီကြည့်နဲ့အသက်ဟာ
သူ့ကို မြင်တာနဲ့လက်လှမ်းပြလေသည်မလို့။
မာန် ကားရှင်းမရှင်းကြည့်ကာ
အချစ်ရှိရာဘက်သို့ ကားလမ်းကူးလိုက်သည်။
ထို့နောက်တစ်ပြိုင်တည်းလုပ်လိုက်သည်က
ဦးလွင်ရဲ့ လက်ကလေးကိုဆွဲလို့
စုပ်ကိုင်လိုက်ခြင်းဖြစ်သည်။"မောင်ကြာသွားလား ဦးလွင်"
"မကြာပါဘူးမောင်ရာ
ကိုယ်က မောင်အမြန်ရောက်လာလို့
စိတ်တောင်ပူနေတာ""မောင်ဘာမှမဖြစ်ပါဘူး ဦးလွင်ရဲ့"
ညနေ ၆နာရီကျော်ကျော်သာရှိသေးတာမလို့
နေလုံးကြီးက သိပ်မပျောက်သေးဘဲ
အရောင်ခပ်မှိန်မှိန်လေး လင်းနေလို့
ပွဲဈေးလာသူတွေက များတယ်လည်း
မဆိုသာတယ့် လူသိပ်မစည်သေးတယ့်
အချိန်မလို့ မောင်နဲ့ အေးဆေး
ပွဲဈေးလျှောက်ဖို့ လွင်တွေးလိုက်သည်။
အချိန်စောလာတာ မှန်သွားသည်
မဟုတ်ပါက
နောက်ကျလျှင်လူရှုပ်တော့မည်လေ။မောင့်ရဲ့လက်ကလေးကို
စုပ်ကိုင်လို့ ပွဲဈေးအဓိကကျင်းပရာ
ကွင်းကျယ်ကြီးထဲမဝင်ခင်
ကားပြေးတယ့် လမ်းဘေးက
ဈေးဆိုင်အချို့ရှိရာနေရာမှာ
အရင်လမ်းလျှောက်ဖြစ်သည်။ချစ်ရသူက လက်ကိုသေချာဆွဲလို့
လမ်းလျှောက်နေပြီး
လွင်ကတော့ မောင်သွားရာကိုသာ
လိုက်ကာ ခြေလှမ်းခပ်ဖြေးဖြေးသာ
လှမ်းဖြစ်သည်။
လွင်ဘေးချင်းယှဥ်ရက် လမ်းလျှောက်
နေရင်းမှ
မောင့်မျက်နှာကို လှမ်းကြည့်လိုက်ရင်း
ချစ်ရသူက မမေးသော်လည်း
ကိုယ့်အိမ်ထောင်ဘက်ကို
လေးစားသောအားဖြင့်ရော
ရိုးသားစွာပါ
ညနေက အကြောင်းတို့ကို
ပြောရန် စကားစလိုက်သည်။"ညနေက ကိုယ်တို့သူငယ်ချင်း
၃ယောက်လုံးဆုံဖြစ်တယ်မောင်
ကိုယ်တို့ ဒီနားက ဒုတ်ထိုးရော
အအေးရောရတယ့်ဆိုင်မှာ မုန့်စားဖြစ်ကြတယ်။
နောက်ခနနေတော့ ဒီလိုဘဲ
ပြောစရာလေးတွေပြောပြီး အိမ်ပြန်ကြတာ။"
YOU ARE READING
မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် Complete
Romanceနွေးထွေးတယ့် အိမ်ထောင်ရေးလေး နားလည်မှုရှိတယ့်အိမ်ထောင်ရေးလေးကို ကိုယ်တို့အတူတူတည်ဆောက်ရအောင် တစ်ယောက်နဲ့တစ်ယောက် လက်တွဲမဖြုတ်ကြေးနော် မာန် #လွင် သဝန်တိုလို့ မောင်ဒေါသထွက်မိရင် ဦးလွင် စိတ်တော့မဆိုးလိုက်ပါနဲ့ ကျွန်တော်က သိပ်ချစ်လို့ သဝန်တိုမိတာပါ။ ဦ...