Ep10

1.8K 105 1
                                    

မောင်ရယ် ကိုယ်ရယ်
ချစ်မေတ္တာတွေရယ်
Ep10

"ဦးလွင်ရေ မောင့်အသက်ရေ
ဘယ်ရောက်နေတာလဲ"

အိမ်ရှေ့ကနေ ကြားလိုက်ရတယ့်
အသံကြောင့် နောက်ဖေးမှာ
ကင်းပွန်ချဥ်ရွက်ထိုင်ခြွေနေတယ့်
လွင်မှာတုန်ခနဲ လန့်သွားသည်။
လန့်သွားတာနဲ့တစ်ဆက်တည်း
ဘေးအိမ်ကနေ ခွီးခနဲအသံကြားတာကြောင့်
လွင်ရဲ့ပါးလေးတွေပူလာသလို
မျက်နှာလေးမှာ ခပ်ရဲရဲ
အိမ်ရှေ့ကို ထွက်လာတော့
ခပ်ပြုံးပြုံးနဲ့မောင်ဟာ
သူ့ရဲ့ ဘေးလွယ်အိတ်လေးကို ကိုင်ထားလျှက်
အတော့်ကို ပျော်နေပုံ။
လွယ်အိတ်ကလေးကို ကျစ်နေအောင်
စုပ်ကိုင်ထားတယ့်မောင်ဟာ
လွင်ဖို့ ဘာပစ္စည်းဝယ်လာပြန်ပြီလဲမသိပေ။

တစ်ဆက်တည်း အိမ်ရှေ့ထွက်ရင်းနဲ့
မောင့်ဖို့ယူလာတယ့် သဲသောက်ရေအိုးထဲက
ရေအေးအေးလေးကို ကမ်းပေးတော့
မောင်ဟာ
အပေါ်ထက် လှေကားထစ်နားက
သစ်သားဆင့်လေးမှာထိုင်ချလေသည်။

"အား အသက်ပေးတယ့်ရေလေးမလို့လား
မသိဘူး ရင်ကိုအေးသွားတာဘဲ"

မောင့်အပြောကို လွင်သဘောကျကာ
ပြုံးလိုက်မိသည်။
ငါ့ကောင်လေးကတော့လေ

"ဦးလွင် ကျွန်တော်လေ
ဦးလွင်ဖို့ လက်ဆောင်လေးပါလာတယ်
ဘာဖြစ်မယ်ထင်လဲဟင်

ရေလေးသောက်နေရာကနေ
ခနရပ်ကာ လွင်ကိုအမေးထုတ်လာတယ့်
မောင်

မောင် ဘာပစ္စည်းပေးမှာလဲ
မသိတာကြောင့်
လွင်ခေါင်းလေးသာခါပြလိုက်တော့
ပါးလေးကို ရွှတ်စ်ခနဲလာနမ်းတယ့်မာန်။

"ဦးလွင်မှန်းလည်း မှန်မှာမဟုတ်ပါဘူး။
ဘာလို့ဆို ကျွန်တော်ကမထင်ထားတာကို
ပေးမှာမလို့
ဒီမှာ ကျွန်တော်ရဲ့အသက်ဦးလွင်ဖို့"

လက်ထဲသို့ရောက်လာတယ့်
ဘူးအနီလေးက
ကော်ဘူးခပ်ကြည်ကြည်လေး
ထိုဘူးလေးရဲ့အထဲကအရာကို
မှန်းမိတာနဲ့
လွင်မာန့်ကို အံ့ဩကြီးစွာ
မော့ကြည့်မိသည်။

"မောင် ဒါက
ကိုယ်မယူဘူးနော် မောင်
ဒါက တန်ဖိုးကြီးလွန်းတယ်"

သို့သော် လွင်ရဲ့အပြောကို
လက်မခံစွာ
မာန်ဟာ ထိုဘူးလေးကို
ဖွင့်လို့ အထဲက ကျောက်အပြာလေးပါသော
၅မူးသားလက်စွပ်လေးကို
ဦးလွင်ရဲ့ ခပ်ဖောင်းဖောင်းလက်ချောင်းလေးဆီသို့
စွပ်ပေးလိုက်သည်။
သေချာတာကတော့ လက်သကြွယ်မဟုတ်တယ့်
လက်ကလေးပါ။
အဓိပ္ပာယ်တွေသိပ်မသိတယ့်မာန်ဟာ
လက်သည်းကြွယ်က စေ့စပ်လက်စွပ်ဝတ်ရမယ့်
လက်ကလေးဆိုတာကိုသိပါသည်။
ဒါကြောင့်လည်းရှောင်ကာ
ဝတ်ပေးတာ
မောင့်အသက်ရဲ့ ဒီလက်ချောင်းလေးမှာ
သေချာ စိတ်တိုင်းကျပန်းထိမ်မှာ
အပ်ထားပြီးမှ ရလာတယ့်
စေ့စပ်လက်စွပ်ကလေးကိုဘဲ
ဝတ်ပေးခြင်တာ။

မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် CompleteDonde viven las historias. Descúbrelo ahora