"သက်သာရဲ့လားမာန် "
ကားပြတင်းပေါက်ဘက်ကို
ခေါင်းလေးစောင်းလို့
မျက်မှောင်ကြုတ်နေတယ့်
ချစ်ရသူကို လွင်မေးလိုက်တော့
မာန်သည် ခေါင်းလေးသာတစ်ချက်
ငြိမ့်ပြလေသည်။
မနက်ကအိပ်ရာထနောက်ကျသည်မလို့
ကားစီးရတယ့်အချိန်ဟာလည်း
၉နာရီကျော်ဖြစ်သွားသည်။
တန်ခူးလနေကလည်းပူချက်က
ဝတ်ထားတယ့် နို့ကုလားအင်္ကျီရဲ့
ကျောဘက်တောင်ရေစိုသလိုအကွက်လိုက်။ကားကလည်း လူကြပ်တာမလို့
လူငွေ့နဲ့ပိုပူကာ
လိုင်းကားက ကားကြပ်ကာ
အချိန်ကြာတာပါဖြစ်နေသောကြောင့်
အပူဒဏ်သိပ်မခံနိုင်တယ့် မာန်ဟာ
စိတ်ရှုပ်ကာ
ခေါင်းနောက်နေခြင်းဖြစ်သည်။လွင်အများအမြင်တွေဘာတွေလည်း
မကြည့်နိုင်တော့ပါ။
မနေ့ကလွင်ရဲ့စကားကြောင့်
ခပ်ခွာခွာလေးထိုင်နေတယ့် မာန့်ကို
ကြည့်ရင်း စိတ်ထဲဝမ်းနည်းသလို
ဖြစ်လာသည်ကတော့အမှန်။
အတွေးလည်းတွေးမိပါတယ်။
မနက်ကသာ အိပ်ရာစောစောထဖြစ်လိုက်ရင်
မာန်ဒါမျိုး ခံစားရမှာမဟုတ်ဘူး။အတွေးစတို့ကိုဖြတ်လို့
လွင် သူ့ရဲ့ဘေးလွယ်အိတ်လေးထဲက
တစ်ရူးအစိုလေးကိုထုတ်လိုက်ကာ
မာန့်ရဲ့လက်ကိုဆွဲကိုင်ရင်း
တံတောင်ဆစ်မှစလို့
ရှည်လျားပြီး ကြည့်ကောင်းလှတယ့်
လက်ချောင်းရှည်တွေရဲ့
အဆုံးသတ်ရာ လက်ထိပ်ခပ်ရဲရဲလေးတွေအထိကို
သေချာ အေးသွားအောင်သန့်ရှင်းပေးမိသည်။
အသားဖြူတယ့်မာန်က
လက်ချောင်းလေးတွေကအစ
ပန်းရောင်လေးတွေ သန်းလို့
အခုလိုနေပူတော့ မျက်နှာလေးတောင်
ခပ်ရဲရဲ နှာဖူးကချွေးလေးတွေကိုလည်း
သုတ်ပေးလို့
ဆေးလေးတိုက်ရင်း
ချစ်ရသူ ဝေဒနာသက်သာဖို့ကို
မျှော်လင့်မိသည်။မာန်ဝေဒနာလေးနည်းနည်းခံစားရတာတောင်
သူ့ရဲ့ရင်ဘက်ကြီးတစ်ခုလုံးကို
စုပ်ညှစ်ထားသလိုပင်။
ခံစားရခက်လိုက်တာမောင်ရယ်။လွင်စိတ်ပူနေသည်ကို
သိသည့်မာန်ဟာ
မှန်ပြတင်းပေါက်ဘက်လှည့်နေရာကနေ
ဦးလွင်ဘက်လှည့်လို့
မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း
နူးညံ့စွာပြုံးပြလိုက်သည်။
ထို့နောက် မာန်ရဲ့လက်ကလေးကို
သေချာစွာသုတ်ပေးနေသောလွင်ရဲ့
လက်ကလေးကို ထပ်၍အုပ်ကိုင်လိုက်သည်။
YOU ARE READING
မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် Complete
Romanceနွေးထွေးတယ့် အိမ်ထောင်ရေးလေး နားလည်မှုရှိတယ့်အိမ်ထောင်ရေးလေးကို ကိုယ်တို့အတူတူတည်ဆောက်ရအောင် တစ်ယောက်နဲ့တစ်ယောက် လက်တွဲမဖြုတ်ကြေးနော် မာန် #လွင် သဝန်တိုလို့ မောင်ဒေါသထွက်မိရင် ဦးလွင် စိတ်တော့မဆိုးလိုက်ပါနဲ့ ကျွန်တော်က သိပ်ချစ်လို့ သဝန်တိုမိတာပါ။ ဦ...