နားထဲမှာကြားနေရတယ့်မိုးသံတဖြောက်ဖြောက်ကြောင့်
မာန်မှာ မနက်နိုးနိုးချင်း
မျက်လုံးတို့ပင် မဖွင့်မိသေးဘဲ
မျက်မှောင်ကြုတ်ကာ စိတ်မကြည်ဖြစ်သွားသည်။
မနက်ပိုင်းမိုးရွာတာကို ဘာကြောင့်မှန်းမသိ
မာန်လုံးဝမကြိုက်ပေ။
မကြည်မလင်ဖြစ်နေသောစိတ်တို့သည်
ကြာကြာတော့မခံလိုက်ပေ
နှာဖူးပေါ်မှ ခံစားလိုက်ရသော
အထိအတွေ့ အသားနူးနူးအိအိလေးကြောင့်
ချက်ချင်းကိုပြေပျောက်သွားလေသည်။အိပ်နေရာမှာ မျက်လုံးတို့ဖွင့်ကြည့်တယ့်အခါ
လက်ကလေးထောက်ကာ
ဘေးတစ်စောင်းလှဲလို့ မာန့်ကို
ပြုံးကာကြည့်နေတယ့် ဦးလွင် ။
မာန်သည်လည်း ဦးလွင်ရှိရာသို့
တိုးလိုက်လို့ ခါးလေးကို
တင်းနေအောင်ဖက်လိုက်တော့
သဘောတကျရယ်တယ့် ဦးလွင်ဟာ
မာန်နဲ့တူစွာ ပါးချိုင့်ကလေးပေါ်လို့
သိပ်ကို ကြည့်ကောင်းလေသည်။"ကိုယ့်ကောင်လေး မိုးရွာလို့
စိတ်မကြည်ဖြစ်သေးလား"အသံလေးမှာ
နူးညံ့မှုတွေအပြည့်နဲ့
မောင့်မျက်ဝန်းညိုလေးမေးတယ့်
အမေးကို ခေါင်းငြိမ့်ပြကာ
ရင်ခွင်ထဲသို့သာတိုးဝင်လိုက်သည်။
ထိုအခါ ဆံပင်လေးတွေကို
သပ်ပေးလာတယ့်
နူးညံ့တယ့်လက်အထိအတွေ့လေး
အသက်ရဲ့ကိုယ်သင်းနံ့တို့ကို
မာန် ရှုရှိုက်လို့ ရင်ခွင်ထဲတွင်
ခနမှေးနေမိတော့
ဦးလွင်ဆီက သဘောကျတယ့်ရယ်သံလေးနဲ့
ကိုယ့်ကောင်လေးကတော့လေဆိုတယ့်အသံ
တစ်စွန်းတစ်စကို မာန်အိပ်ချင်မူးတူးဖြင့်
ကြားလိုက်ပါသေးသည်။လွင်မှာတော့ သူ့ကို ဖက်ထားတာကာ
ပြန်အိပ်တော့မယ့်ကလေးလေးကို
နိုးမနေတော့ဘဲ ငြိမ်ငြိမ်လေးသာ
နေပေးလိုက်သည်။
ဘာလို့ဆို ဒီနေ့ဟာ မာန်ရောလွင်ရောရဲ့
နားရက်ဖြစ်သည်လေ။
မာန်အိပ်ရေးဝအောင်အိပ်ပါစေ။
လွင်ချစ်ရတယ့် လျှာပေါ်ဝဲလေးက
အအိပ်သိပ်မက်တယ့် အိပ်ပုတ်လေးလေ။မောင့်ရဲ့ ပါးဖွေးဖွေးလေးကို
လွင်သဘောတကျ လက်ကလေးနဲ့
ခပ်ဖွဖွပွတ်သပ်နေမိသည်။
ချစ်တတ်သွားတယ့်အခါမှာ
ဖတ်ဖူးတယ့်အချစ်ဝတ္ထုတွေထဲက
စာဖွဲ့ခြင်းတို့ကို လွင်မဖြစ်နိုင်ဘူးလို့
မထင်တော့ပါ။
ချစ်ရသူလေးရဲ့ ဆံချည်မျှင်ကစလို့
သူ့ရဲ့စိတ်အထိကို အရာရာအရိပ်တကြည့်ကြည့်လွင်လိုက်ကြည့်နေမိတာ။
ဒီကလေးလေးကို လွင်
နေမကောင်းဖြစ်မှာလည်း သိပ်စိုးရိမ်တာ။
လွင်ကချစ်တာကို ခနခနပြောတတ်ပြီး
ဂရုစိုက်ပြတတ်တယ့်သူတော့မဟုတ်ပေ။
ဒါကို လွင်စိုးရိမ်ခဲ့သည်။
YOU ARE READING
မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် Complete
Romanceနွေးထွေးတယ့် အိမ်ထောင်ရေးလေး နားလည်မှုရှိတယ့်အိမ်ထောင်ရေးလေးကို ကိုယ်တို့အတူတူတည်ဆောက်ရအောင် တစ်ယောက်နဲ့တစ်ယောက် လက်တွဲမဖြုတ်ကြေးနော် မာန် #လွင် သဝန်တိုလို့ မောင်ဒေါသထွက်မိရင် ဦးလွင် စိတ်တော့မဆိုးလိုက်ပါနဲ့ ကျွန်တော်က သိပ်ချစ်လို့ သဝန်တိုမိတာပါ။ ဦ...