မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ်
EP9
ချစ်သူသက်တမ်း၃ပတ်ခန့်ကြာပြီးနောက်
မာန်နဲ့လွင်ရဲ့ နားလည်မှုနဲ့
ရင်းနှီးမှုတွေ အတော်ကိုတိုးတက်လာသည်ဟု
ပြောရမည်။
အစတုန်းကတော့ နှလုံးသားက
ရွေးချယ်ထားတယ့် ချစ်ရတယ့်သူကို
မပိုင်ဆိုင်ရမှာဆိုးတာကြောင့်
ဖွင့်ပြောခဲ့ကြပေမယ့်
အဲ့အချိန်က တစ်ယောက်နဲ့တစ်ယောက်
အတော်စိမ်းနေသေးတာကတော့
အမှန်ပင်ဖြစ်သည်။အခုဆိုရင်တော့
တစ်ယောက်နဲ့တစ်ယောက်နဲ့
အမူအကျင့်အတော်များများကိုပါ
သိလာကာ နှစ်ဦးနှစ်ဖက်လည်း
ကိစ္စတစ်ချို့ကို ညှိယူပစ်ခဲ့ကြသည်။
living together နေနေတယ့်
ချစ်သူနှစ်ဦးအတွက်
အိမ်ကမိဘတွေဆီမှာ ခွင့်ပြုချက်
တောင်းခံထားတာတောင် မေ့လုနီးနီး
လက်ထပ်ဖို့ပြုဆင်နေတယ့်
သူတွေလိုတောင် ခံစားလာရသည်။ဒါပေမယ့်လည်း အဲ့ဒီမှန်သားလိုကြည်လင်ပြီး
ကျော်ဖြတ်မရတယ့် အေးခဲစက်နေတယ့်
အခက်အခဲကြီးကို ချစ်ကြည်နူးချိန်မှာ
သတိမရပေမယ့်
ညဘက် တရေးနိုးချိန်မှာတော့
ခေါင်းထဲသို့ အတွေးများစွာဝင်ရောက်ကာ
အနှောင့်အယှက်ပေးတာကတော့အမှန်ပင်။မာန် TVကနေ လာတယ့် ကုလားကား
ကြည့်နေရင်းမှ
အစ်ကို့ကိုလှမ်းကြည့်လိုက်တော့
စာအုပ်ဖတ်နေတယ့် အစ်ကိုက
အအေးလေးတစ်ခွက်နဲ့
သူ့ကို လှည့်တောင်မကြည့်
အလိုမကျသွားသည်နှင့်အတူ
နှုတ်ခမ်းလေးကဆူထော်လာသည်။ချွဲရရစ်ရတာကို သဘောမကျသော်ငြားလည်း
ဒီလူသားလေးနဲ့တွေ့ရင်
အလိုလိုကလေးဖြစ်သွားကာ
ချွဲခြင်တာကလည်း ချစ်လွန်းလို့သာ
ဖြစ်မည်။
အစ်ကို့ရဲ့ချော့မြူတယ့်အသံလေးတွေ
အလိုလိုက်တယ့်အပြုအမူလေးတွေကို
မာန်တို့ အားကြီးသဘောကျတာ။'သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့'ဆိုတယ့်
မိုးရှင်း{I,M,T} ရဲ့
စာအုပ်ကလေးကို ကိုင်ကာ ဖက်နေတယ့်
အစ်ကို့ရဲ့နောက်သို့ ခပ်ဖွဖွသွားကာ
နောက်ကျောကနေ ဝင်ထိုင်ရင်း
ဂုတ်ပိုးပေါ်သို့ နှုတိခမ်းလေးတင်ကာ
မွှစ်ခနဲ နမ်းလိုက်တော့
အစ်ကို့ရဲ့ကိုယ်လေးက တစ်ချက်ကလေး
တုန်ခနဲဖြစ်ပြီး
မာန်ဆိုတယ့် ခေါ်သံ နူးနူးညံ့ညံ့လေး
YOU ARE READING
မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် Complete
Romanceနွေးထွေးတယ့် အိမ်ထောင်ရေးလေး နားလည်မှုရှိတယ့်အိမ်ထောင်ရေးလေးကို ကိုယ်တို့အတူတူတည်ဆောက်ရအောင် တစ်ယောက်နဲ့တစ်ယောက် လက်တွဲမဖြုတ်ကြေးနော် မာန် #လွင် သဝန်တိုလို့ မောင်ဒေါသထွက်မိရင် ဦးလွင် စိတ်တော့မဆိုးလိုက်ပါနဲ့ ကျွန်တော်က သိပ်ချစ်လို့ သဝန်တိုမိတာပါ။ ဦ...