Ep27

1K 45 1
                                    

"မောင်ရေ အချစ်ထတော့လေ
ကိုယ်တောင်ပြင်ဆင်ပြီးပြီး"

အိပ်ပျော်နေလေသောမောင့်ကို
လွင်နိုးနေသည်မှာ၁၅မိနစ်ကျော်နေလေပြီ။
မောင်ကတော့လွင်ရဲ့ရင်ခွင်ထဲတိုးဝင်လေလို့
လုံးဝကိုမကြားသလိုအိပ်နေတာများ
ရိုက်ပစ်ခြင်စရာလေး။

ဒီနေ့ဟာ လွင်တို့အိမ်အသစ်ကလေးရဲ့
အိမ်တက်ပွဲ
အာရုဏ်ဆွမ်းကပ်မှာမလို့ နိုးနေတာကို
မထလေတယ့်မောင်ဟာ
အိပ်ပုတ်လေးပါလေ။
အိမ်တက်ပွဲလေးက သင်္ကြန်မတိုင်ခင်လို့
ရည်ရွယ်ထားပေမယ့် မိဘအိမ်ပြန်တာနဲ့ရော
တစ်ခြားကိစ္စလေးတွေကြောင့်ပါ
နှစ်ဆန်းတစ်ရက်နေ့မှလုပ်ဖြစ်လိုက်သည်။

"မောင်ရေ ထတော့ ဦးဇင်းတွေကြွလာတော့မယ်လေ
မောင်"

"အွန်း ၅မိနစ်လို့ အချစ်ကလည်းဗျာ"

"ထတော့မောင်ရာ "

"အွန့် နမ်းလေ ဒါဆိုမောင်စဥ်းစားပေးမယ်"

မောင့်ဟာ အိပ်ယာထဲကနေ
အခုထိ မထသေးဘဲ ပေတေအိပ်နေကာ
လူကို ငရစ်ကျနေတယ့်အဆိုးလေး
လူက ဟင်းရည်အိုးမွှေပြီးပြန်လာတာကြောင့်
ညကမိုးရွာထားလို့
အေးနေတယ့်မနက်စောစောမှာတောင်
ချွေးတွေနဲ့မို့
အနမ်းမပေးတာကို
စာဘူးတောင်းသိုက်လေးလုပ်နေတာကြောင့်
လက်ကလျှင်မြန်စွာ
မောင့်ပါးကိုကိုက်ပစ်လိုက်သည်။

ထိုတော့မှ ခပ်မြန်မြန်အိပ်နေရာကနေ
ထထိုင်တယ့်မောင်ဟာ
ပါးလေးကို ပွတ်လျက်
အလကား အဆိုးလေး
ဒီကကိုက်တာဖြင့်ထိရုံလေးကို
ဘယ်သူက
ကိုယ်ချစ်တယ့်သူကိုနာကျင်အောင်လုပ်မှာလဲလို့

"အချစ်ရာရက်စက်တာ
ကိုယ့်ရဲ့အိမ်ဦးနတ်ကို နိုးတာ
ဒီလိုလုပ်စရာလား"

"မောင်ကမှ မထတာကွာ
ကိုယ်စိတ်မတိုခြင်ဘူး အချိန်ကနီးနေပြီ
နောက်ဖေးမှာ ရေသွားချိုး
အဝတ်ထုတ်ထားပေးတယ် တစ်ခါတည်းလဲ
ပြီးရင် ဦးဇင်းတွေကို လမ်းထိပ်ကနေစောင့်ပြီး ပင့်ခဲ့ ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါ ခင်ဗျ သားသားနားထောင်ပါတယ်ဗျ"

"မောင် မနောက်နဲ့"

မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် CompleteWhere stories live. Discover now