တိတ်ဆိတ်နေတယ့် ဧည့်ခန်းအနေအထား
မာန်ရဲ့ရှေ့မှာ ဦးလွင်မိဘတွေက
ထိုင်နေကာ ဦးလွင်က
သူနဲ့မျက်နှာချင်းဆိုင်ဘက်မှာ
ရှိနေလေသည်။ထိုတိတ်ဆိတ်နေတယ့်အခြေအနေကို
ဖျက်ဆီးလိုက်သည်က
ဦးလွင်မေမေရဲ့ ဦးလွင်ကို
မေးလိုက်တယ့်အမေးသံ"သားတကယ် သားရဲ့လက်တွဲဖော်ကို
အမျိုးသားတစ်ယောက်ကိုရွေးမှာလား"အသံတို့တုန်နေကာ
အကြည့်လွှဲလို့ မေးလာတယ့်
မေမေ"ဟုတ်မေမေသားရဲ့လက်တွဲဖော်ကို
မာန်ဘဲဖြစ်စေခြင်တယ်""ငါ့သားလေးက ချစ်သူမရှိ ပွေတာလည်း
မရှ်တော့ စိတ်အေးနေရတာ
ခေါ်လာတော့လည်း ဟက်
ယောကျာ်းလေးတစ်ယောက်တဲ့လား
သိပ်ကို တစ်ချက်တည်းနဲ့ရင်ထဲအောင့်
သွားအောင်လုပ်တာဘဲနော်"မျက်ရည်တွေဝိုင်းကာ
ငိုတော့မယ့် မေမေကြောင့်
လွင်ထိုင်နေရာကနေ
မေမေအနားကိုပြေးသွားကာ
ခြေရင်းမှာထိုင်လိုက်မိသည်။
မျက်ရည်တို့မကျစေခြင်တာအမှန်ပါ
မေမေရယ်
သားရဲ့လက်တွဲဖော်ရွေးတယ့်ကိစ္စဟာ
ဒီလောက်တောင်
မေမေကိုဝမ်းနည်းစေမိပြီ။"ငါ့သားလေးကို ကလေးလေးလိုဘဲ
မြင်နေတာ သာမာန်လေးဘဲ
ဖြစ်စေခြင်တာ ။
မေမေ အမှန်တိုင်းပြောမယ်
မေမေသားကို ဒီကောင်လေးနဲ့
သဘောမတူနိုင်ဘူး။
မေမေစိတ်ပူတယ်သိရဲ့လား
သားလေးကို သူများတွေကဲ့ရဲ့မှာ
ဒီကောင်လေးငါ့သားကိုတစ်နေ့ပစ်သွားမှာ
ဖောက်ပြန်ရင်ရောဟမ်
မင်းလေး အလှောင်ခံရမှာ
အနှိမ်ခံရမှာကို မေမေတွေးမိတိုင်း
ညတောင် အိပ်မပျော်နိုင်ဘူး
ကောင်စုတ်လေးရယ် ""မေမေ .."
"အန်တီ"
ငိုလေသောဦးလွင်အမေ
အသံတိတ်ငိုကြွေးပြီးနောက်မှာတော့
မေမေရဲ့လက်တွေဟာ
ငိုကြွေးတော့မလိုဖြစ်နေတယ့်
ဦးလွင်ရဲ့ ဆံပင်လေးပေါ်သို့
လက်ကလေးတင်ကာ သပ်ပေးနေလေသည်။"မေမေစိတ်ပူတယ်သားရယ်
သဘောမတူခြင်ဘူး။
ဒါပေမယ့် မေမေ့သားလေး
ပျော်နေတယ်လေ။
လက်ခံရမှာပေါ့ ဘာတတ်နိုင်မှာလဲ
ငါ့သားလေးသဘောကျတယ့်
မောင်ရင်ကလည်း လူကောင်းလေး
ဖြစ်ဖို့ ဆုတောင်းရတာပေါ့။
မေမေ့သားလေးရယ် "
YOU ARE READING
မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် Complete
Romanceနွေးထွေးတယ့် အိမ်ထောင်ရေးလေး နားလည်မှုရှိတယ့်အိမ်ထောင်ရေးလေးကို ကိုယ်တို့အတူတူတည်ဆောက်ရအောင် တစ်ယောက်နဲ့တစ်ယောက် လက်တွဲမဖြုတ်ကြေးနော် မာန် #လွင် သဝန်တိုလို့ မောင်ဒေါသထွက်မိရင် ဦးလွင် စိတ်တော့မဆိုးလိုက်ပါနဲ့ ကျွန်တော်က သိပ်ချစ်လို့ သဝန်တိုမိတာပါ။ ဦ...