Ep2 တွေ့ဆုံခြင်း

3.6K 183 0
                                    

{{A/Nဒီအပိုင်းမှစ၍
နောက်လာမည့်အပိုင်းဆက်များသည်
မာန်နှင့်လွင်တို့၏စတွေ့သည်မှစ၍
အတိတ်ကာလများသာဖြစ်သည်}

2020ခုနှစ်

မျက်နှာပေါ်သို့ ကျရောက်လာတယ့်
နေရောင်ခြည်စူးစူးတို့ကို
လက်ဖြင့်ကာလိုက်ရင်း
အထုတ်အပိုးတို့ကို
လက်တစ်ဖက်ကဆွဲထားကာ
လေဆိပ်ရှိ အငှားကားတစ်စီးအား
ခနရပ်စောင့်နေလိုက်သည်။

မကြာလိုက်ပါ ရှေ့ကို ထိုးရပ်လိုက်တယ့်
အငွားကားတစ္စီး

"ဗျို့!!!အစ်ကိုရေ ဘယ်သွားမလို့လဲ"

"တောင်ဒဂုံ **ရပ်ကွက်ကိုသွားမလို့ "

"ရတယ် အစ်ကိုရေ
ဒါနဲ့အိမ်ထိလိုက်ပို့ပေးရမှာလား"

"ဟုတ်တယ်ဗျ အိမ်ရှေ့ထိပို့ပေးရမှာ
သိပ်တော့မဝင်ရပါဘူး
၈လမ်းမြောက်ဆ်ုရပါပြီ"

"Okလေ *****လောက်တော့ ပေးဗျာ
အဆင်ပြေလား"

ဈေးနည်းနည်းကြီးတယ်ထင်ပေမယ့်လည်း
အပူဒဏ်ကိုမခံနိုင်တော့တာကြောင့်
ဈေးလည်းမစစ်ခြင်တော့
ခေါင်းသာငြိမ့်ပြလိုက်ရင်း
အထုပ်အပိုးတွေကို ကားပေါ်တင်ရင်း
လူပါဝင်ထိုင်ကာ တစ်ခါတည်း
ငွေကြိုရှင်းပေးထားလိုက်တော့သည်။

တရွေ့ရွေ့နဲ့မောင်းနှင်လာတယ့်
အငှားကားလေးသည် ရန်ကုန်လေဆိပ်မှ
ထွက်ခွာလာကာ
မာန်ရဲ့ ၃နှစ်သာ ဝေးကွာခဲ့ရသည့်
အိမ်လေးဆီသို့ သွားရန်
ဉီးတည်နေလေပြီ။

ကားစီးလာရင်းနှင့် မှန်ပြတင်းပေါက်ဘက်
လှည့်ကာ ပြောင်းလဲနေတယ့်
လမ်းတွေ ဆိုင်ခန်းတွေကို
ငေးမောနေမိသည်။

တရွေ့ရွေ့နဲ့ကားလေးမှာ
စံပြဈေးအရောက်မှာတော့
လိပ်နဲ့ပက်ကျိကိုစံချိန်တင်ကာ
ကားပိတ်လေပြီ။

အပူဒဏ် ကားစက်သံတွေနဲ့
ညကအိပ်ရေးသိပ်မဝတာကြောင့်ပါ
ရောလျက်
ခေါင်းအနည်းငယ်အုံလာသည်မလို့
ဘေးနားက ထိုင်ရောင်းနေတယ့်
အအေးသည်အဒေါ်ဆီကနေ
ရေသန့်ဘူးကြီးတစ်ဘူးသာဝယ်လို့
အားရအောင်မော့သောက်လိုက်တော့သည်။

"နိုင်ငံခြားကပြန်လာတာထင်တယ်
ဒီကပူတာနဲ့ အသားမကျသလိုဘဲ"

မောင်ရယ် ကိုယ်ရယ် ချစ်မေတ္တာတွေရယ် CompleteDonde viven las historias. Descúbrelo ahora