Part - 21.1(Z+U)

8.2K 1.2K 33
                                    

🍼 မှော်ဖရဲသီး • 1 |( Uni )

ထိုသောကြာနေ့တွင်၊ လုံချန်း နံပါတ် 1 အထက်တန်းကျောင်းရဲ့ကျောင်းဝင်းဖိုရမ်ဟာ ပို့စ်အသစ်များဖြင့်ပေါက်ကွဲထွက်သွားခဲ့တယ် ။

စကားစစ်ထိုးပွဲအတွက် လူတိုင်းရဲ့ စိတ်အားထက်သန်မှုက နေ့ဘက်မှာ စတင်ခဲ့ပြီး ညလုံးပေါက်ပင် မရပ်တန့်နိုင်ခဲ့ကြ‌ပေ ။

ပို့စ်အသစ်များ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် တစ်ခုပြီးတစ်ခုက ရေပန်းစားလာခဲ့တယ်။ ဒီရက်‌တွေမှာ ဖရဲသီးတွေ*က အရမ်းများနေပြီး အားလုံးကအရမ်းကိုအရသာရှိလို့နေတယ် ။

(T/N : "ဖရဲသီး" = အရည်ရွှမ်းသော အတင်းအဖျင်းများကို ဆိုလိုတယ်။ "ဖရဲသီးစားခြင်း" က အတင်းအဖျင်း/ဒရာမာများ ကြည့်ရှုခြင်းကို ဆိုလိုတယ်။)

ပထမဦးစွာ ကျောင်းကနှစ်စဉ် စာမေးပွဲရလဒ်များနှင့် အတန်းအဆင့်များကို ထုတ်ပြန်ကြေညာခဲ့တယ်။

Omega တစ်ယောက်အနေနဲ့ ချိယွီက Alpha Senior အားလုံးကို အနိုင်ယူခဲ့ပြီး သူ့အတန်းထဲမှာ ပထမနေရာကို ရယူခဲ့ကာ၊ ဒါက လူတိုင်းကို ထိတ်လန့်စေရုံသာမက Omegaတွေကြားတွင်လည်း စုပေါင်း အခမ်းအနားတစ်ခု ပြုလုပ်ကာပင် အောက်ပွဲခံခဲ့ကြသေးသည် ။

ယခင်က စံသတ်မှတ်စစ်ဆေးမှုနှင့်ပတ်သက်လာလျှင် Omega ကျောင်းသားများအတွက် ထိပ်တန်း 400ဝင်ရန်ပင် ခဲယဉ်းလှတယ်။

ယခုနှစ်တွင်မူ Alpha ကျောင်းသားအယောက် 370 ကျော်ရှိတာကြောင့် ဉာဏ်ကောင်းသူ Omega များပင် Betaများ နှင့်သာ ယှဉ်ပြိုင်ရ၍ တစ်ခါတစ်လေမှာ အဆင့်နိမ့်ဆုံးသော Alphaများနှင့်သာယှဉ်ပြိုင်နိုင်ကာ 350 နှင့် 400 အကြားသို့ကျဆင်းနိုင်‌လေ့ရှိကြတယ်။

Omegaများရဲ့ သဘာဝ IQက အလွန်ဖိနှိပ်ခံရတာကြောင့် အခြေအနေမှာ ပို၍ပင်ဆိုးရွားလာခဲ့တယ်။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ချိယွီ က ပထမနေရာကိုရရှိခဲ့တာက တစ်ကယ့်ကို-

‌စောက်ရမ်း ! မိုက် ! တယ် !

Jackpotကို အနိုင်ရတာထက်တောင် ပိုကောင်းနေသေးတယ်။!

တစ်ခဏချင်းတွင်းမှာဘဲ၊ ကျောင်းရှိ Omega များအားလုံးပေါင်း၍ ချိယွီနဲ့ ရှိထားသမျှရန်ငြိုးအားလုံးကို ဖျက်ပစ်ရန် စုပေါင်းဆုံးဖြတ်ချက်တစ်ခုချခဲ့ကြတယ်။သူတို့က အနာဂတ်မှာ ချိယွီကို အနိုင်ကျင့်တဲ့ ဘယ်သူ့ကိုမဆို သူတို့ရဲ့ ဘုံရန်သူပဲလို့တောင် ပြော‌နေကြသေးသည်။

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gpWhere stories live. Discover now