*အောက်တွင် zawgyiပါပါတယ်။ Zawgyiနဲ့ ဖတ်လို့ မရရင် ssနဲ့ ဖတ်လို့ရပါတယ်။ အောက်မှာ ssပါပါတယ်။
(U)
ဝမ်ရိပေါ် နှင့် ရှောင်းကျန့် ယခုနယ်စပ်ဒေသ သို့ ရောက်ရှိနေပြီ ဖြစ်၏။
နေမင်းကြီးသည်လည်း အနောက်အရပ်သို့ ကွယ် မြှုပ် စပြုနေပြီ။
ကျေးငှက် တို့သည်လည်း အိပ်တန်းတက်ဖို့ရန် အတွက် အသင့်ပြင် နေကြပြီဖြစ်သည်။
အချိန် ခုနှစ်နာရီလောက် အသုံးပြုပြီး ခရီးဆက်ခဲ့ ရသည်မို့ နှစ်ဦးစလုံးလည်း ခရီးပန်း နေကြပြီ ဖြစ်၏။
ဒါတောင် ရေကြောင်း လမ်းဖြင့် ဖြတ်လမ်းအတိုင်းလာ ခဲ့သည်မို့ ထိုမျှသာ ကြာခြင်း ဖြစ် သည်။
မည်မျှပင် နှစ်ဦးသား ခရီးပန်းနေပါစေ၊ နားခွင့်တော့ မရရှိသေး။
နယ်စပ်ဆိုသည့် နေရာဟာ တိုင်းတစ်ပါးသားများ၊ လွတ်မြှောက်နေသည့် ရာဇဝတ် သားတို့ ရှိနေခြင်းကြောင့် အန္တရာယ် များသော နေရာဖြစ် ၏။
ထို့ကြောင့် နယ်စပ်ဒေသတွင် လုံခြုံရေး ရဲအစောင့် ရဲမက် အများအပြားရှိသည်။
တစ်ပြည်ဝင် တစ်ပြည်ထွက် ကုန်သည်များကိုလည်း ကူးသန်းရောင်းဝယ်ခြင်း တံဆိပ်ပြား မရှိလျှင် တိုင်းပြည်ထဲသို့ ဝင်ခွင့် မပေးသလို၊ ကိုယ့် တိုင်းပြည်မှ ကုန်သည်များကိုလည်း အခြား တိုင်းပြည်သို့ တံဆိပ်ပြား မပါဘဲ သွားခွင့် မပေးပေ။
ဒါဟာ နယ်ခြားစောင့်တပ်၏ အဓိကစည်းမျဥ်း စည်းကမ်း ဖြစ်ပြီး စည်းကမ်း ချိုးဖောက် သူ များ ကိုလည်း ပြင်းပြင်းထန်ထန် အရေးယူ ကာ အပြစ်ပေးလေ့ရှိသည်။
အခုလည်း နယ်စပ်ဂိတ်တံခါးသို့ ဖြတ်သန်းလာသူ မှန်သမျှကို ရဲမက်တို့က သေချာ စိစစ် စစ်ဆေး နေသည်မို့ ဂိတ်တံခါး ဝတွင် ပုရွက် ဆိတ်တန်းကြီး သဖွယ် လူများ စီတန်းနေကြရသည်။
ထိုထဲ တွင် ဝမ်ရိပေါ်နှင့် ရှောင်းကျန့်လည်း အပါအဝင် ဖြစ်၏။