Chapter(12)
517 49 7
*အောက်မှာ Zawgyiတော့ ပါပါတယ်။ ဒါပေမဲ့ ဖတ်လို့ မရရင် ssနဲ့ ဖတ်လို့ရပါတယ်။ ssနဲ့ တင်ပေးထားပါတယ်။ ကိုယ့်ဖုန်းက ကီးဘုတ်ကြောင်နေလို့ပါ။*
Unicode...
အချစ်။ စကားလုံးလေး နှစ်လုံးနဲ့တင် စကြာဝဠာ လောကကြီး တစ်ခုလုံးကို ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားအောင် ရောသမမွှေနိုင်တဲ့အထိ အစွမ်းသတ္တိရှိတယ်။
အချစ်က နူးညံ့တယ်။ သိမ်မွေ့တယ်။ လှပတယ်။ အေးချမ်းတယ်။ ဒါတွေကတော့ မြင်တွေ့နေကြ​ဖြစ်တဲ့ အချစ်ရဲ့ ကောင်းခြင်း ပြယုဂ်တွေ။
ဒါပေမဲ့ လူတွေ မသိသေးတဲ့ အချစ်ရဲ့ အမှောင်ဘက်တခြမ်းကလည်း ရှိ​နေနှင့်ပြီးသား။
အတ္တတွေ၊ မာနတွေ၊ လောဘတွေနဲ့ တစ်ကိုယ်ကောင် ဆန်မှုတွေ၊ ပူလောင်မှုတွေကတော့ အချစ်ရဲ့ဘေးထွက်ဆိုးကျိူး (သို့မဟုတ်)အချစ်ရဲ့ အမှောင်ဘက်တခြမ်းလို့ ဆိုလို့ရတယ်။
ပိုင်ရှင်ရှိနှင့်ပြီးသား လူတစ်ဦးကို ချစ်မိရင် အဲ့ဒီ့လူကို အတ္တကြီးတဲ့လူ လို့ပဲ ခေါ်နိုင်မလား။ ဒါမှမဟုတ် လောဘကြီးတယ်လို့ပဲ သမုတ်နိုင်ကြမလား။
ဒီမေးခွန်းတွေရဲ့ အဖြေကို တန့်ချန်ချန်း ဆိုတဲ့ သူမ မဖြေနိုင်ဘူး။ ဒါပေမဲ့ သူမကတော့ အိမ်ထောင်ရှိအမျိုးသားတစ်ယောက်ကို စွဲစွဲလမ်းလမ်း ချစ်နေမိပြီ။
ပိုင်ရှင်ရှိပြီးသားလူကို ချစ်​နေတာက'ခွင့်မလွှတ်နိုင်စရာ အပြစ်ကို ကျူးလွန်နေတာပဲတဲ့'သူမရဲ့ အစေခံက သူမကိုလာပြီး ဆုံးမနေတယ်။
နိမ့်ကျတဲ့ အစေခံကလေ။ သူမလို မြင့်မြတ်လှတဲ့ သခင်မလေးကို လာပြီး ဆုံးမနေတယ်တဲ့။ကြည့်ရတာ အဲ့ဒီ့အစေခံက ခေါင်းနဲ့ ကိုယ် အိုးစား ကွဲချင်နေပြီထင်ပါရဲ့။ သူမကလည်း အစေခံရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ တစ်ခါတည်း ကိစ္စတုံးပေးလိုက်တယ် စားဖိုဆောင်က အသားလှီးဖြတ်တဲ့ ဓားမြှောင်နဲ့။
Melody Of Royal Love.Where stories live. Discover now